DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့က ရာနှင့်ချီသည့် အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်နေ
DVB
·
March 10, 2025
ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့က ရာနှင့်ချီသည့် အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်နေ
Donate to DVB

ဆီးရီးယားအာဏာရှင် အာဆတ်ရဲ့ အလာဝိုက်မွတ်စလင်မျိုးနွယ်စုဝင် အရပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့တွေမှာ အလာဝိုက်မျိုးနွယ်တွေကို ပစ်မှတ်ထားတဲ့ လူသတ်ပွဲ ၃၀ ဖြစ်ပွားခဲ့ပြီး အရပ်သား ၇၄၅ ယောက် သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (SOHR) က ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ကို မီဒီယာတွေအနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ တိုင်းပြည်က ထွက်ပြေးခဲ့တဲ့ အာဆတ်ရဲ့ အလာဝိုက်မျိုးနွယ်စု နေထိုင်ရာဒေသမှာ လူရာချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

နှစ်ရက်အတွင်း လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရာမှာ အာဆတ် လိုလားတဲ့ တိုက်ခိုက်ရေးသမားတွေတင်မကဘဲ အရပ်သားတွေပါ သေဆုံးခဲ့တာလို့ SOHR က ဆိုပါတယ်။

လက်ရှိ ဆီးရီးယား ကြားဖြတ်အစိုးရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ၁၂၅ ယောက် သေဆုံးခဲ့သလို အာဆတ် လိုလားတဲ့ တိုက်ခိုက်ရေးသမား ၁၄၈ ယောက် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆီးရီးယားနိုင်ငံဟာ ဆွန်နီ မွတ်စလင်လူများစု နိုင်ငံဖြစ်ပေမဲ့ အလာဝိုက်မွတ်စလင်တွေကတော့ ရှီးယိုက်မွတ်စလင်အနွယ်ဝင်လို့ သတ်မှတ်ခံရပြီးတော့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။

ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရခေါင်းဆောင် အာမက်အယ်လ်ရှာရာက အာဆတ် အကြွင်းအကျန်တွေကို ချေမှုန်းသွားမှာဖြစ်တယ်လို့ ကြွေးကြော်ထားပေမဲ့ မျှတတဲ့ တရားခွင်ကိုပဲ ပို့ဆောင်သွားမယ်လို့ ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013