DVB Logo
Home
နိုင်ငံတကာ
လန်ဒန် Big Ben နာရီစင်ပေါ် တွယ်တက်ပြီး ပါလက်စတိုင်းအရေး ဆန္ဒပြသူ ထိန်းသိမ်းခံရ
DVB
·
March 10, 2025
လန်ဒန် Big Ben နာရီစင်ပေါ် တွယ်တက်ပြီး ပါလက်စတိုင်းအရေး ဆန္ဒပြသူ ထိန်းသိမ်းခံရ
Donate to DVB

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အလယ်ပိုင်း၊ ဝက်စ်မင်စတာနန်းတော်က Big Ben နာရီစင်ရှိရာ အဲလိဇဘက် တာဝါကို တွယ်တက်ပြီး ဆန္ဒပြခဲ့တဲ့ ပါလက်စတိုင်းအရေး လှုပ်ရှားသူတယောက်ကို ရဲတပ်ဖွဲ့က  ထိန်းသိမ်းလိုက်ပါတယ်။

ပါလက်စတိုင်းအလံ ကိုင်ထားတဲ့ အမျိုးသားဟာ ခြေဗလာနဲ့ နာရီစင်တာဝါကို တွယ်တက်နေတာကြောင့် မတ် ၈ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ အရေးပေါ် ကယ်ဆယ်ရေးတွေကို ခေါ်ယူခဲ့ရပါတယ်။

အဲဒီအမျိုးသားဟာ တော်တော်မြင့်မြင့်ရောက်နေပြီး ပြန်ဆင်းလာဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကရိန်းနဲ့တက်ပြီး အချိန်အတန်ကြာ ညှိနှိုင်းခဲ့ရပါတယ်။ အဲဒီအမျိုးသားဟာ ၁၆ နာရီကျော်ကြာ ပြန်မဆင်းဘဲနေခဲ့ပြီး မတ်လ ၈ ရက်နေ့ သန်းခေါင်ယံအရောက်မှာမှ ကရိန်းနဲ့ပြန်ဆင်းခဲ့တယ်လို့ သိရပါတယ်။

အောက်ရောက်တာနဲ့ အဲဒီအမျိုးသားကို ထိန်းသိမ်းခဲ့တယ်လို့ ဝက်စ်မင်စတာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဒီဖြစ်စဉ်ကြောင့် ဝက်စ်မင်စတာ မြေအောက်ဘူတာရုံနဲ့ တံတားလမ်းကို သွားတဲ့ အပေါက်တပေါက် ဖြစ်တဲ့ ဝက်စ်မင်စတာတံတားကို ယာယီပိတ်ထားခဲ့ရပါတယ်။

ဆန္ဒပြသူဟာ ပါလက်စတိုင်းအလံကို ကိုင်ပြီးတော့ ငေါထွက်နေတဲ့ အစွန်းမှာ ထိုင်နေခဲ့ပြီးတော့ ပါလက်စတိုင်းခေါင်းပေါင်းကိုပါ အစွန်းမှာ အုပ်ပေးထားခဲ့တာ တွေ့ရပါတယ်။

“ပါလက်စတိုင်း လွတ်လပ်ပါစေ" ဆိုတဲ့ ကြွေးကြော်သံတွေကလည်း အောက်ကနေ ထောက်ခံသူ တချို့က အော်ပေးခဲ့တာ တွေ့ရပါတယ်။

နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို တခြားလမ်းကို ရွှေ့ခိုင်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013