
ဆီးရီးယားယာယီသမ္မတ အာမတ်အယ်ရှာရာက အာဏာရှင် အယ်အာဆတ်အစိုးရရဲ့ အကြွင်းအကျန်လူတွေကို တရားရုံးတင် စစ်ဆေးမယ်လို့ ပြောပါတယ်။
ရှာရာရဲ့ ရုပ်သံမိန့်ခွန်းမှာ သူ့ရဲ့လုံခြုံရေးအဖွဲ့ တွေကို ချဲ့ကား ပြောဆိုတာ ဒါမှမဟုတ် လွန်လွန်ကဲကဲ တုံ့ပြန်တာမျိုးမလုပ်ဖို့ ပြောခဲ့ပြီး အာဆတ်အစိုးရအဖွဲ့ အကြွင်းအကျန်တွေကို တရားမျှတဖို့ အတွက် တရားရုံးမှာ စစ်ဆေးမယ်လို့ ဆိုပါတယ်။
ဆီးရီးယားလုံခြုံရေးအဖွဲ့တွေဟာ ဆီးရီးယားအနောက်ပိုင်းမှာ ဒုတိယနေ့တိုက်ပွဲအဖြစ် အာဆတ်ရဲ့ အလာဝီဂိုဏ်းခွဲနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့ကြောင့် အယ်ရှာရာအစိုးရအတွက် အာဏာထိန်းသိမ်းဖို့ အဓိက စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အာဆတ်အဖွဲ့ရဲ့ အကြွင်းအကျန်လူတွေဟာ အလာဝီလူနည်းစုတွေနဲ့ ပေါင်းပြီး မတ် ၆ ရက်က တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါလို့ ဆီးရီးယား အာဏာပိုင်တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ သေဆုံးသူစာရင်းကိုတော့ မကြေညာထားပေမဲ့ ၂ ရက်အတွင်း လူ ၁၈၀ ကျော် သေနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ဖော်ပြပါတယ်။
ဒီအကြမ်းဖက်မှုတွေက အမေရိကန်ရဲ့ ပိတ်ဆို့ခံထားရမှုကနေ လွတ်မြောက်အောင် ကြိုးစားနေတဲ့ ရှာရာရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေသလို့ လုံခြုံရေးကိုလည်း စိန်ခေါ်မှုဖြစ်စေပါတယ်။
အထူးသဖြင့် အနောက်တောင်မှာ အစ္စရေးက ဒမတ်စကပ်ကို တပ်တွေ ချထားတာကို ကာကွယ်မယ်လို့ ပြောဆိုထားပါတယ်။
Source: Reuters