DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်မှုထမ်းနေရသူ ၂ ဦး နေပြည်တော်တွင် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
March 8, 2025
အဓမ္မစစ်မှုထမ်းနေရသူ ၂ ဦး နေပြည်တော်တွင် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

အဓမ္မစစ်မှုထမ်းနေရသူ ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း ၉၀၁ က မတ် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၉၀၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုအလင်းဝင်လာတဲ့သူတွေက တပ်မ ၆၆ လက်အောက်ခံ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက်အမှတ် ၁  ခြေလျင်တပ်ရင်း (ခလရ ၁) ကနေ ထွက်ပြေးလာပြီးတော့ ကျနော်တို့ တပ်ရင်းကို အလင်းဝင်လာကြသူတွေဖြစ်တယ်” လို့ ပြောပါတယ်။

သူတို့ဟာ မတ် ၂ ရက်နေ့က အလင်းဝင်လာခဲ့တာဖြစ်ပြီး MA-3 မောင်းပြန်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆(ဘားမား)ကျည် ၂၄ တောင့်ကို ယူဆောင်လာတယ်လို့ ဆိုပါတယ်။

၉၀၁ တပ်ရင်းရဲ့ တပ်ရေးအရာကို ဗိုလ်စနဲ က “သူတို့က စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းတက်ခဲ့ရတဲ့သူတွေပါ။ သူတို့က အခု ကျနော်တို့တပ်ရင်းထဲမှာပါ။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ်။ ချီးမြှင့်ငွေပေးအပ်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်အောက်မှာ ကျန်ရှိနေကြသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေကိုလည်း အသက်အသေမခံဘဲ အမြန်ဆုံးအလင်းဝင်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း ၉၀၁ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013