DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်လာသောမြန်မာများ နေ့စဉ်ရက်ဆက်ဖမ်းဆီးခံနေရ
DVB
·
March 7, 2025
ကန်ကျနပူရီတွင် တရားမဝင် ဝင်လာသောမြန်မာများ နေ့စဉ်ရက်ဆက်ဖမ်းဆီးခံနေရ
1 / 18
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခပူရီမြို့နယ်ထဲမှာ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်ရက်ဆက် ဖမ်းဆီးခံနေရပါတယ်။ 

မတ် ၆ ရက်က ဆန်ခပူရီမြို့နယ် ပလန်ဖယ်အုပ်စုထဲမှာ တရားမဝင် အလုပ်သမားတွေ  ရေလမ်းကြောင်းကနေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံး၊ လဝကရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ ကျေးရွာလုံခြုံ‌ရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ ကွင်းဆင်းစောင့်ကြပ်စစ်ဆေးခဲ့ကြပါတယ်။ 

မနက် ၄ နာရီလောက်မှာတော့ ဟွေ့ဆောင်းကာလဲချောင်းထဲမှာ စက်ပိတ်ပြီး ညင်သာစွာ လှော်ခတ်လာတဲ့ လှေတစီးကို လှမ်းမြင်ရတယ်၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ အဆိုပါလှေက စက်နှိုးပြီး အမြန်ခုတ်မောင်းသွားခဲ့ပါတယ်၊ ဒါကြောင့် တာဝန်ရှိသူတွေကလည်း အနောက်ကနေ စက်လှေနဲ့လိုက်ဖမ်းတယ်။ ဘော်ကယောက်ကျွန်းအနီးမှာ မီလာတာကြောင့် စက်လှေခုတ်မောင်းသူလည်း အဖမ်းခံလိုက်တယ်၊ လှေပေါ်မှာ မြန်မာအမျိုးသား ၁ ယောက်၊ အမျိုး သမီး ၁၂ ယောက် လိုက်ပါလာပြီး အထောက်အထားမရှိတာကြောင့် အဖမ်းခံလိုက်ရသလို လှေမောင်းသူ နိုင်းဝင်း (၄၉ နှစ်) နဲ့ သူ့ရဲ့စက်လှေကိုပါ သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။ 

နိုင်းဝင်းက မြန်မာလုပ်သားတွေကို တယောက်ကို ဘတ် ၂၀၀၀ နှုန်းနဲ့ လှေပေါ်တင်လာတာဖြစ်ပြီး သူတို့ကတော့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့  ပွဲစားကို တယောက် ဘတ် ၁၅, ၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။ 

မတ်လ ၆ ရက် ည ၇ နာရီခွဲလောက်မှာတော့ ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ်ရှိ တောထဲမှာ ပွဲစားလာအခေါ်ကို စောင့်ဆိုင်းနေတဲ့ မြန်မာ ၃၂  ယောက် ဖမ်းဆီးခံရပါတယ် ၊ အသက် ၁၉ နှစ်မှ ၃၁ နှစ်ရှိ အရွယ်ကောင်း အမျိုးသားအမျိုးသမီးလူငယ်တွေဖြစ်ပြီး  စစ်မှုထမ်းရမှာကြောက်လို့ ထွက်ပြေးလာတယ် ၊ ပွဲစားကို တစ်ဦးလျှင် ဘတ် ၃၀,၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ် ။ 

အဆိုပါ ဆန်ခလပူရီမြို့နယ် ပလန်ဖယ်အုပ်စုထဲမှာပဲ မတ် ၅ ရက်နေ့ မွန်းလွဲပိုင်းက  တရားမဝင်မြန်မာနိုင်ငံသား ၂ ယောက်ဖမ်းဆီးခံရပါတယ်။

ရပ်ကွက် ၄ ရှိ စစ်ဆးရေးဂိတ်တခုမှာ ဟိုင်းလပ်စ်ကားတစီးကို စစ်ဆေးရာမှာ ယာဉ်မောင်း  နိုင်မောင်ဝင်းက တာဝန်ရှိသူတွေကို ထုတ်ပြတဲ့ မြန်မာနိုင်ငံကူးလက်မှတ်မှာ အတုဖြစ်နေပြီး ဘေးကနေထိုင်လိုက်လာတဲ့ မသိန်းသိန်းဌေး ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်မှာလည်း တပါးသူရဲ့စာအုပ်ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။  နိုင်မောင်ဝင်းထံမှ စိတ်ကြွဆေးပြား ၅ ပြားကိုလည်း တွေ့ရှိတယ်လို့  ဆိုပါတယ်။

မတ် ၄ ရက်ကလည်း ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ် နဲ့ ဆန်ခလပူရီမြို့နယ်ရှိ နေရာပေါင်း ၄ နေရာကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၅ ယောက် ဖမ်းဆီးခံခဲ့ ရပါတယ်။ 

ကန်ကျနပူရီခရိုင်ထဲမှာ ဇန်နဝါရီမှ အခုမတ်လဆန်းပိုင်းထိ တရားမဝင် ဝင်ရောက်သူတွေ ဖမ်းဆီးမှု အကြိမ်ပေါင်း ၇၁ ကြိမ်ကနေ တရားမဝင်မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ဖမ်းဆေးရမိတယ်လို့  ဂျိုးချိုထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: ကန်ကျနပူရီသတင်း၊ ဂျိုးချို သတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013