DVB Logo
Home
မြန်မာသတင်း
မန္တလေး-မြစ်ကြီးနား ကားလမ်း အသုံးပြုခွင့်မရသဖြင့် ရွာလမ်းမှ သွားနေရ
DVB
·
March 7, 2025
မန္တလေး-မြစ်ကြီးနား ကားလမ်း အသုံးပြုခွင့်မရသဖြင့် ရွာလမ်းမှ သွားနေရ
Donate to DVB

မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးကင်းတွေက လမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် မပေးတဲ့အတွက် ကွင်းလမ်းကနေ သွားနေရပြီး မြစ်ကြီးနားကိုရောက်ဖို့ ၂ ပတ်ခန့် အချိန်ကြာမြင့်တယ်လို့ အဝေးပြေးယာဉ်မောင်းတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က စတင်ပြီး စစ်ကောင်စီလုံခြုံရေးယူထားသော ဂိတ်စခန်းတွေရှိ တပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်နေတယ်ဆိုပြီး ဂိတ်ကြေးယူကာ ကွင်းလမ်း(ရွာလမ်း) တွေကသာ ဖြတ်သန်းမောင်းနှင်ခိုင်းတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းတယောက်က “လမ်းမကြီးပေါ်က သွားမရဘူး၊ ကွင်းလမ်းတွေကတော့ သွားခိုင်းတယ်၊ ဂိတ်ကြေးကတော့ ပုံမှန်အတိုင်း ပေးနေရတာပဲ၊ တိုက်ပွဲရှိတယ်ဆိုပြီး ပေးမဖြတ်တာ၊ ကွင်းလမ်းကသွားခိုင်းပြီး ဂိတ်ကြေးကျတော့လည်း လျှော့မပေးဘူး၊ ခရီးက ရောက်ရမယ့်အချိန် မရောက်တော့ စရိတ်ပိုကုန်တာပေါ့” လို့ DVB ကို ပြောပါတယ်။

အရင်က မန္တလေးကနေ မြစ်ကြီးနားမြို့ကို နေ့ချင်းအရောက်သွားလို့ရပြီး အခု ကွင်းလမ်းတွေကနေ သွားရတဲ့အတွက်ကြောင့် ကားပျက်စီးမှုလည်းရှိပြီး အချိန်ကြာမြင့်တဲ့ အတွက်ကြောင့် ကုန်တင်ခတွေ မြင့်တက်ရတယ်လို့လည်း သိရပါတယ်။

ကားလေးယာဉ်မောင်းတယောက်က “ဂိတ်တွေ အားလုံးနီးပါးကို ကွင်းသွားရတယ်။ ကွင်းပြီးသွားရတော့ ကားပျက်တာပေါ့ဗျာ။ ကားပြင်စရိတ်တွေကလည်း ကြီးတယ်။ ခရီးတခေါက်သွားပြီးတိုင်း ဝပ်ရှော့တန်းထိုးရတယ်။ ဝပ်ရှော့ထိုးတာနဲ့ ပစ္စည်းနဲ့လက်ခ ငါးသိန်း အနည်းဆုံးပဲ” လို့ ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရှိ မန်လည်ကွင်းလမ်းမှာ လမ်းတွေပျက်နေပြီး ကားတွေလည်း စက်ပိုင်းချို့ယွင်းမှု များတဲ့အတွက်ကြောင့် ကုန်ကားနဲ့ ဆီဘောက်စာကားအစီး ၁၀၀ ကျော် ပိတ်မိနေကာ ထီးချိုင့်လမ်းခွဲရှိ ကျောင်းကုန်းရွာကွင်းလမ်းနဲ့ ဗုတလက်ရွာ ကွင်းလမ်းတွေမှာလည်း ကားအစီး ၃၀၀ ကျော် ပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013