DVB Logo
Home
မြန်မာသတင်း
ဘတ် သန်း ၅၀ ထပ်ရောင်းမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ကြေညာ
DVB
·
March 6, 2025
ဘတ် သန်း ၅၀ ထပ်ရောင်းမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ကြေညာ
Donate to DVB

နှစ်ပတ်အတွင်း ဘတ် သန်း ၃၀၀ ကျော် ထုတ်ရောင်းပြီးနောက် ဘတ် သန်း ၅၀ ထပ်ရောင်းမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မတ် ၄ ရက်မှာ ကြေညာချက်ထုတ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှာ ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ ထပ်မံထုတ်ပြန်လာတာပါ။

ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ဘတ် ၂ သန်းကျာ်၊ ယွမ် ၅ သိန်းခွဲ၊ ဖေဖော်ဝါရီ ၂၅ ရက်မှာ ယွမ် ၄ သိန်းကျော်၊ ဖေဖော်ဝါရီ ၂၆ ရက်က ဒေါ်လာ ၂၃ သန်း၊ ယွမ် ၃ သိန်းခွဲ နီးပါးနဲ့ ဘတ်ငွေ ၁၅၁ သန်းကျော်၊ ဖေဖော်ဝါရီ ၂၈ ရက်က ဘတ် ၁ သန်း၊ မတ် ၃ ရက်မှာ ဒေါ်လာ ၁ သိန်းခွဲ၊ ယွမ် ၄ သိန်း၊ ဘတ် ၆ သိန်းကျော်၊ မတ် ၄ ရက်မှာ ဒေါ်လာ ၂၃ သန်းနဲ့ ဘတ် သန်း ၁၅၀၊ မတ် ၅ ရက်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထိုင်းဘတ် ၈ သန်းကျော် ရောင်းချထားကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

ဗဟိုဘဏ်ဟာ သီတင်းနှစ်ပတ်အတွင်းမှာ ထိုင်းဘတ်ငွေသန်း ၃၁၀ ကျော် ထုတ်ရောင်းချထားတာ ဖြစ်ပြီး ဘတ်ဈေးက ဗဟိုဘဏ် ရောင်းဈေးရော ပြင်ပပေါက်ဈေးပါ ကျဆင်းနေပါတယ်။

မတ် ၅ ရက်မှာ ဗဟိုဘဏ်ရဲ့ Online Trading platform က ရောင်းချပေးနေတဲ့ ဘတ်ဈေးက ထိုင်းဘတ်ငွေ တဘတ်ကို မြန်မာငွေ ၁၃၁ ကျပ်ဖြစ်ပြီး ပြင်ပ ငွေကြေးဈေးကွက်မှာလည်း ထိုင်း တဘတ်ကို ၁၃၁ ဒသမ ၅၈ ကျပ်သာ ပေါက်ဈေးရှိနေပါတယ်။

ဒီနေ့ မတ် ၆ ရက် ပြင်ပငွေကြေးဈေးကွက်မှာတော့ ထိုင်းဘတ်ငွေဈေးက တဘတ်ကို ၁၃၀ ဒသမ ၇၂ ကျပ်အထိ ထပ်ကျလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ငွေကြေးဖောင်းပွတာတွေကြောင့် နိုင်ငံခြားငွေတန်ဖိုးတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီ ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ အပါအဝင် ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေကို အလုံးအရင်းနဲ့ မကြာခဏ ထုတ်ရောင်းခဲ့ပါတယ်။

အဲဒီလို ထုတ်ရောင်းချမှုတွေကြောင့် အမေရိကန် ဒေါ်လာဈေးက ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်မှာ မြန်မာငွေ ၄,၈၀၀ ကျပ် ရှိခဲ့ပြီး လက်ရှိမှာ ၄,၄၅၀ ကျပ်အထိ ပြန်ကျနေသလို တရုတ်ယွမ်ဈေးကလည်း ၁ ယွမ်ကို မြန်မာငွေ ၆၅၀ ကျပ်ဝန်းကျင်ကနေ ၆၁၀ ကျပ်၊ ထိုင်းဘတ် ဈေးက ထိုင်း ၁ ဘတ်ကို မြန်မာငွေ ၁၃၈ ကျပ်ကနေ ၁၃၀ ကျပ် ဝန်းကျင်အထိ ပြန်ကျဆင်းနေတာ ဖြစ်ပါတယ်။

အခုလို နိုင်ငံခြားငွေလဲဈေးတွေ ပြန်ကျဆင်းနေပေမဲ့ ကုန်ပစ္စည်းဈေးနှုန်း အများစုကတော့ အခုထိ ပြန်လည်ကျဆင်းသွားခြင်း မရှိသေးဘူးလို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

အနှစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013