DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို စစ်ရေးသတင်းအချက်အလက် ဝေမျှမှု အမေရိကန် ရပ်ဆိုင်း
DVB
·
March 6, 2025
ယူကရိန်းကို စစ်ရေးသတင်းအချက်အလက် ဝေမျှမှု အမေရိကန် ရပ်ဆိုင်း
Donate to DVB

ယူကရိန်းကို စစ်ရေးသတင်းအချက်အလက်တွေ မျှဝေနေတာကို အမေရိကန်က ရပ်ဆိုင်းထားကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့ဇ်က ဖေဖော်ဝါရီ ၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၂၂ ခုနှစ် ရုရှား စကျူးကျော်ကတည်းက စစ်ရေးအချက်အလက်တွေကို ယူကရိန်းဆီ မျှဝေပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က ပြုလုပ်တဲ့ ဘဲဥပုံရုံးခန်းတွေ့ဆုံပွဲမှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အချေအတင် စကားများခဲ့ပြီးတဲ့နောက် စစ်ရေးအချက်အလက် ဝေမျှတာကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်ရဲ့ စစ်ရေးသတင်းအချက်အလက် ဝေမျှတာက ယာယီလား၊ လုံးဝ ရပ်ဆိုင်းတာလား ဆိုတာတော့ မသေချာသေးသလို အချိန်ဘယ်လောက်ကြာ ရပ်ဆိုင်းမလဲ ဆိုတာလည်း မသိသေးပါဘူး။

CIA ဒါရိုက်တာ ဂျွန်ရက်ကလစ်က ယူကရိန်းကို စစ်ရေးသတင်းဝေမျှခြင်း ရပ်ဆိုင်းမယ့် ဆုံးဖြတ်ချက်ကို Fox Business နဲ့ တွေ့တဲ့အချိန်မှာ အတည်ပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်ရေးသတင်းအချက်အလက်ဝေမျှခြင်း ရပ်ဆိုင်းခဲ့တာကြောင့် နောက်ပိုင်းမှာလည်း ယူကရိန်းကို သတင်းအချက်အလက် ပေးပါ့မလား ဆိုတာ သံသယဖြစ်စရာပါ။

ဝေါ့ဇ်ကတော့ အမေရိကန်နဲ့ ယူကရိန်းကြား ဆက်ဆံရေး ပိုကောင်းလာမယ်ဆိုရင် စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုနဲ့ စစ်သတင်းအချက်အလက် ဝေမျှခြင်း ရပ်ဆိုင်းမှုကို မကြာခင် ပြန်လည်ဖွင့်ပေးနိုင်ချေ ရှိတယ်လို့ အကြံပြုထားပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန် ကတော့ အမေရိကန်ရဲ့ အကူအညီ မပါလည်း ပြင်သစ်နိုင်ငံက ဆက်ပြီး ကူညီဖို့ ပြင်ဆင်နေကြောင်းနဲ့ လာမယ့်အပတ်ထဲမှာ ဥရောပ စစ်ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်မယ်လို့ ရုပ်သံကနေ ကြေညာထားပါတယ်။

မက်ခရွန်က “အမေရိကန်က ကျနော်တို့ဘက်မှာ ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်မှာ မရှိဘူးဆိုရင် ဆိုတာအတွက် ကျနော်တို့ ပြင်ဆင်ထားရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဥရောပက ခေတ်သစ်ကို ရောက်နေပြီလို့ မက်ခရွန်က ပြောခဲ့ပြီး လုံခြုံရေးအသုံးစရိတ် တိုးမြှင့်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်က ယူကရိန်းနဲ့ အခြားနိုင်ငံတွေနဲ့အတူ ရှိမှာဖြစ်ပြီး ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြင်ဆင်ရမှာလို့လည်း သူက ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013