DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် မည်သည့်စစ်ပွဲမဆို  တိုက်ရန်အသင့်ရှိဟု တရုတ်တုံ့ပြန်
DVB
·
March 6, 2025
အမေရိကန်နှင့် မည်သည့်စစ်ပွဲမဆို  တိုက်ရန်အသင့်ရှိဟု တရုတ်တုံ့ပြန်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စည်းကြပ်ခွန် တိုးမြှင့်လိုက်ချိန်မှာ တရုတ်ဘက်ကလည်း ကုန်သွယ်စစ်မကလို့ ဘယ်လိုစစ်ဖြစ်ဖြစ် တိုက်ဖို့အသင့်ရှိတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

တရုတ်ကုန်စည်တွေ အားလုံးအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံခဲ့အပြီးမှာ တရုတ်ကလည်း အမေရိကန် လယ်ယာထွက်ကုန်တွေအပေါ် စည်းကြပ်ခွန် ၁၀ ကနေ ၁၅ ရာခိုင်နှုန်း ကောက်ခံ တုံ့ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားစုနှစ်ခုရဲ့ ထိပ်တိုက်တိုးမှုဟာ ကုန်သွယ်ရေးစစ်ပွဲဆီကို ဦးတည်လာခဲ့ပါတယ်။

“အမေရိကန်တွေ လိုချင်တာက စစ်ပွဲဆိုရင် စည်းကြပ်ခွန်စစ်ပွဲဖြစ်ဖြစ်၊ ကုန်သွယ်ရေး စစ်ပွဲဖြစ်ဖြစ်၊ ဘယ်လိုစစ်ပွဲမျိုးပဲဖြစ်ဖြစ်၊ ကျုပ်တို့က အဆုံးထိတိုက်ဖို့ အသင့်ပဲ” လို့ တရုတ်အစိုးရရဲ့ မတ် ၄ ရက် ထုတ်ပြန်ချက်ထဲက စာသားတကြောင်းကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လူမှုကွန်ရက် X မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ တရုတ်ဘက်က အပြင်းထန်ဆုံးပြောတဲ့ စကားဖြစ်ပြီး ပေကျင်းမှာ နှစ်ပတ်လည် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေး ကျင်းပနေချိန်မှာ ဒီလို တုံ့ပြန်မှု ထွက်လာတာပါ။

တရုတ်ကာကွယ်ရေးအသုံးစရိတ်ကို ဒီနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမှာဖြစ်တယ်လို့ မတ် ၅ ရက်မှာ ဝန်ကြီးချုပ် လီချန်းက ပြောကြားခဲ့ပြီး “ကမ္ဘာတလွှားမှာ ရာစုနှစ်တခုအတွင်း မကြုံစဘူး ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတယ်” လို့ မှတ်ချက်ချထားပါတယ်။

ပေကျင်းက ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေးစစ်ပွဲ ခြိမ်းခြောက်မှုနဲ့ ကြုံနေရပေမဲ့ စီးပွားရေးတိုးတက်အောင် လုပ်နိုင်တယ်ဆိုတဲ့ သတင်းစကားကို လူထုကို ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အမေရိကန်က မဟာမိတ် ကနေဒါနဲ့ မက္ကဆီကိုလို နိုင်ငံတွေပါ စည်းကြပ်ခွန်နဲ့ ဖိအားပေးနေချိန်မှာ တရုတ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်တွေကို ဆက်လက်တံခါးဖွင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “ခြိမ်းခြောက်လို့ ကျုပ်တို့ ကြောက်မှာမဟုတ်ဘူး။ အနိုင်ကျင့်တာက ကျုပ်တို့အပေါ်မှာ အလုပ်မဖြစ်ဘူး။ ဖိအားပေးတာ၊ အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာတွေဟာ တရုတ်နဲ့ ဆက်ဆံဖို့ နည်းမှန်လမ်းမှန် မဟုတ်ဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဖန်တာနဲလ် ပြဿနာဟာ တရုတ်သွင်းကုန်အပေါ် အမေရိကန်စည်းကြပ်ခွန်ကောက်ဖို့ ယုတ္တိမတန်တဲ့ အကြောင်းပြချက် ဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

လူမှုကွန်ရက် X မှာတင်ခဲ့တဲ့ ဒီပို့စ်ကို အမေရိကန်မှာ လူအများအပြား မျှဝေခဲ့ကြပြီး ထရမ့်ပ် အစိုးရအဖွဲ့တွင်းက တချို့ကလည်း ပေကျင်းဟာ ဝါရှင်တန်ရဲ့ အကြီးမားဆုံး နိုင်ငံခြားရေးနဲ့ စီးပွားရေးခြိမ်းခြောက်မှု ဖြစ်တယ်ဆိုတဲ့ သက်သေပဲလို့ မှတ်ချက်ချခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013