DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲပြီး လူငယ် ၁ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
March 5, 2025
မင်းပြားတွင် စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲပြီး လူငယ် ၁ ဦး အပြင်းအထန်ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ မတ် ၄ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲပြီး လူငယ်တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

မင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်၊ ရွှေမင်းဂံရပ်က ဦးရဲနိုင်စိုးရဲ့ နေအိမ်ခေါင်မိုးပေါ်မှာ တင်နေခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကျန်လက်ပစ်ဗုံးတလုံးဟာ မတ် ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ခေါင်မိုးပေါ်ကပြုတ်ကျပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ မင်းပြားမြို့ခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ အသက် ၁၄ နှစ်အရွယ် မောင်အောင်မင်းဌေးရဲ့ ဘယ်ဘက်ပေါင်နဲ့ ညာဘက်လက်ခုံတွေမှာ ဗုံးစထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ နီးစပ်ရာ ဆေးရုံတခုမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013