
ထိုင်းနိုင်ငံမှာ မနက်ဖန် မတ်လ ၆ မှ ၈ ရက်နေ့တွေအတွင်း မြို့တော်ဘန်ကောက်အပါအဝင် ခရိုင်ပေါင်း ၆၂ ခရိုင်မှာ အပူ ပိုင်းမုန်တိုင်းကျရောက်နိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိထိုင်းနိုင်ငံမြောက်ပိုင်း ၊ အရှေ့မြောက်ပိုင်းဒေသတွေမှာ နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်မှ ၃၉ ဒီဂရီစင်တီဂရိတ်ထိ၊ တချို့နေရာမှာ ၄၀ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နေပြီး မတ် ၆ ရက်မှာတော့ တောင်တရုတ်ပင်လယ်ဘက်က အအေးလှိုင်းတွေဟာ တောင်ဘက်အရပ်ကို ရွေ့လျားတိုက်ခတ်လာမယ်၊ အဲဒီအချိန်မှာ ထိုင်းနိုင်ငံက ပူပြင်းသော ရာသီဥတုနဲ့ထိတွေ့ပြီး မုန်တိုင်းကိုဖြစ်ပေါ်စေမယ်၊ ရုတ်တရက် လေပြင်းတိုက်၊ မိုးရွာသွန်း၊ မိုးသီးကြွေ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းမိုးဇလဌာနကဖေဖော်ဝါရီ ၅ ရက် ဒီမနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အပူပိုင်းမုန်တိုင်းအန္တရာယ်မှ ကာကွယ်ဖို့ ၊ ဟင်းလင်ပြင်အရပ်ကို ရှောင်ကြည်ဖို့၊ သစ်ပင်ကြီးတွေ၊ ဆိုင်းဘုတ်တိုင်တွေနဲ့ ခိုင်ခံ့မှုမရှတဲ့ အဆောက်အဦများအောက်မှာ နားခိုခြင်းမှရှောင်ကြဉ်ဖို့ ၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြဿတွေကို ဂရုစိုက်ဖို့ သတိပေးထားပါတယ်။
မတ် ၆ ရက်နေ့ အပူပိုင်းမုန်တိုင်းကျရောက်နိုင်သောခရိုင်တွေမှာကတော့ မြောက်ပိုင်းဒေသက ဖိကျစ် ၊ ဗိစနုလုတ် ၊ ဖစ်ချ်ဘွန်း၊ အရှေ့မြောက်ပိုင်းဒေသက ချိုင်းယဖုမ်း၊ မုတ်တာဟန်၊ ခွန်ကဲန်၊ မဟာဆာလခမ်း၊ ယဆိုထွဏ်း၊ အမ်းနတ်ကျရွန်း၊ ချိုင်းယဖုမ်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆူရင်း၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီ ၊ အလယ်ပိုင်းဒေသက နခွန်းဆဝမ်၊ လုပ်ပူရီ၊ ဆရပူရီ ၊ အရှေ့ပိုင်းဒေက နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ဆလာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ နဲ့ တရတ် ဒေသတွေပါဝင်ပါတယ်။
မတ် ၇ ရက်တွင်း အပူပိုင်းမုန်တိုင်းကျရောက်နိုင်တဲ့ ခရိုင်တွေကတော့ မြောက်ပိုင်းဒေသက တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်နဲ့ ဗိစနုလုတ်၊ အရှေ့မြောက်ပိုင်းဒေသက ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ မဟာဆာလခမ်း၊ လွဲ့အစ်၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်နဲ့ ဆူရင်း၊ အလယ်ပိုင်းဒေသက နခွန်းဆဝမ်၊ လုပ်ပူရီ၊ ဆရပူရီ၊ ဆင်းပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ ဆုဖန်းပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း ၊ စမွတ်ဆုန်ခရမ်း၊ ဘန်ကောက်နဲ့ အနီးတဝိုက်၊ အရှေ့ပိုင်းဒေသက နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ဆလာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တရတ်၊ တောင်ပိုင်းဒေသ က ပရကျူပ်ခီရီခန်နဲ့ ချွန်းဖွန်း ခရိုင်တို့ ဖြစ်ပါတယ်။
မတ်လ ၈ ရက် အပူပိုင်းမုန်တိုင်းကျရောက်နိုင်တဲ့ ခရိုင်တွေကတော့ အလယ်ပိုင်းက ဆုဖန်းပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခရမ်း၊ ဘန်ကောက်နှင့် အနီးတဝိုက်၊ တောင်ပိုင်းက ပရကျူပ်ခီရီခန်နဲ့ ချွန်းဖွန်း စတာတွေဖြစ်ပြီး မတ် ၉ ရက် နဲ့ ၁၀ ရက်နေ့ တွေမှာ ရာသီဥတုပူပြင်းလာမယ်လို့ ဆိုပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် ဖုံးနံပါတ် ၁၁၈၂ ကို ၂၄ နာ ရီဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
Source: Thairath / TNN Earth News