DVB Logo
Home
နိုင်ငံတကာ
ကွန်ဂရက်တွင် မိန့်ခွန်းပြောရန် ရောက်လာသည့် သမ္မတ ထရမ့်ပ်ကို ဒီမိုကရက်အမတ်များ ဆန္ဒပြ
DVB
·
March 5, 2025
ကွန်ဂရက်တွင် မိန့်ခွန်းပြောရန် ရောက်လာသည့် သမ္မတ ထရမ့်ပ်ကို ဒီမိုကရက်အမတ်များ ဆန္ဒပြ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မတ် ၄ ရက်က နိုင်ငံတော်မိန့်ခွန်းပြောဖို့ ကွန်ဂရက်လွှတ်တော်ကို ရောက်ရှိလာချိန်မှာ ဒီမိုကရက်တစ်အမတ်တွေက ဆန္ဒပြတဲ့အနေနဲ့ ပန်းရောင်တွေ ဝတ်ဆင်လာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှ အမတ် ဒေါရစ္စ မတ်ဆွီက “ထရမ့်ပ်ဟာ သူ့မိတ်ဆွေ သန်းကြွယ်သူဌေးတွေအတွက် အမျိုးသမီးတွေနဲ့ မိသားစုတွေအပေါ် သစ္စာဖောက်တာကို ကန့်ကွက်တဲ့အနေနဲ့ ပန်းရောင်ဝတ်ထားတယ်” လို့ X မှာ ပို့စ်တင်ခဲ့ပါတယ်။

ကွန်ဂရက်လွှတ်တော်ကို ထရမ့်ပ် ဝင်လာပြီး ကိုယ်စားလှယ်တွေကို နှုတ်ဆက်ချိန်မှာ ပန်းရောင်တောက်တောက် အင်္ကျီဝတ်ထားတဲ့ နယူးမက္ကဆီကိုအမတ် မယ်လနီ စတန်းစ်ဘာရီက “ပုံမှန်တော့မဟုတ်ဘူး” လို့ ရေးထားတဲ့ စာရွက်ကို ကိုင်ဆောင်ပြခဲ့ပါတယ်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ တက္ကဆက်အမတ် လန့်စ်ဂူဒန်ဟာ သူ့လက်ထဲက ဆိုင်းဘုတ်ကို ဆွဲယူ လွှင့်ပစ်လိုက်ပါတယ်။

အောက်လွှတ်တော် ဒီမိုကရက်အမတ် ၁၀ ယောက်လောက်ဟာ အနက်ရောင် တီရှပ်အင်္ကျီတွေပေါ်မှာ ရေးထားတဲ့ စာသားမက်ဆေ့ချ်တွေကို ပြသခဲ့ပြီးနောက်မှာ အစည်းအဝေးကနေ ထွက်ခွာခဲ့ကြပါတယ်။

တက္ကဆက်ပြည်နယ်အမတ် ဂျပ်စ်မင်း ခရော့ကတ်ဟာ ‘RESIST’ လို့ ရေးထားတဲ့  ရှပ်အင်္ကျီကို ၀တ်ဆင်ပြခဲ့ပါတယ်။

ထရမ့်ပ်ဟာ သူ့ရဲ့ ၆ ပတ်တာ သမ္မတခရီး စတင်ချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို ပြောင်းပြန် ဇောက်ထိုး ဆန့်ကျင်ဘက်လုပ်ပစ်ပြီးတော့ ရင်းနှီးတဲ့ မဟာမိတ်တွေကို ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခဲ့ပြီး ဖက်ဒရယ်လုပ်သားတွေကို အလုပ်ဖြုတ်ပစ်ခဲ့တာကြောင့် အတိုက်အခံတွေရဲ့ ဒေါသကို ရောင်ပြန်ဟပ်ပြနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013