DVB Logo
Home
အားကစား
ချန်ပီယံလိဂ်မရဘဲ ဥရောပရဲ့အကောင်းဆုံးအသင်းလို့ မပြောနိုင်ကြောင်း နည်းပြစလော့ သုံးသပ်
DVB
·
March 5, 2025
ချန်ပီယံလိဂ်မရဘဲ ဥရောပရဲ့အကောင်းဆုံးအသင်းလို့ မပြောနိုင်ကြောင်း နည်းပြစလော့ သုံးသပ်
Donate to DVB

ချန်ပီယံလိဂ်ဆုဖလား မရယူနိုင်ဘဲ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့ မပြောနိုင်ကြောင်း လီဗာပူး နည်းပြ အာနဲစလော့က ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းအကောင်းဆုံးနဲ့ ပရီးမီးယားလိဂ်အဆင့်တစ်မှာ ရပ်တည်နေတာကြောင့် အကောင်းဆုံးအသင်းအဖြစ် ပြိုင်ဘက် ပီအက်စ်ဂျီနည်းပြ အင်းနရစ် အပါအဝင် ဘောလုံးကျွမ်းကျင်သူတွေက ချီးကျူးနေကြတာပါ။

နည်းပြ စလော့ကတော့ ဥရောပရဲ့ အကောင်းဆုံးအသင်းက မနှစ်က ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်သာဖြစ်ပြီး ချန်ပီယံလိဂ်မရဘဲ အကောင်းဆုံးအသင်းအဖြစ် မသတ်မှတ်နိုင်ကြောင်း ပြောပါတယ်။

လီဗာပူးအသင်းအနေနဲ့ အကောင်းဆုံးအသင်းလို့ ပြောဆိုနိုင်ဖို့အတွက် အဝေးကြီးမှာ ကျန်နေသေးပြီး ပီအက်စ်ဂျီနဲ့ အခက်ခဲဆုံးပွဲစဉ်ကနေ စတင်သွားရမှာဖြစ်ကြောင်း နည်းပြ စလော့က ပြောသွားပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013