DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ကြက်ဥစျေးတက်သဖြင့် ဥစားကြက်ငှားရမ်းမှု ခေတ်စားလာ
DVB
·
March 4, 2025
အမေရိကန်တွင် ကြက်ဥစျေးတက်သဖြင့် ဥစားကြက်ငှားရမ်းမှု ခေတ်စားလာ
Donate to DVB

တနှစ်တာအတွင်း အမေရိကန်နိုင်ငံက ကြက်ဥစျေးနှုန်းဟာ ၂ ဆနီးပါး တက်လာတဲ့အလျာက် “ဥစားကြက် ငှားရမ်းတဲ့” ဖြေရှင်းနည်းကို အစားထိုး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

“Rent The Chicken” အမည်ရ စွန့်ဦးတီထွင်လုပ်ငန်းကို နယူးဟမ့်ရှား (New Hampshire) ပြည်နယ်မှာ ခရစ္စတင်းနဲ့ ဘရိုင်ယန် ဆိုတဲ့ တမ်ပဲလ်တန် (Templeton) စုံတွဲက စတင်ခဲ့တာပါ။

အခုလိုမျိုး “ဥစားကြက်ငှားရမ်းတဲ့” လုပ်ငန်းစဉ်ဟာ ရိုးရှင်းပြီး ကြက်မ ၂ ကောင်ကနေ ၄ ကောင်အတွက် လိုအပ်တဲ့အစာအားလုံး အပါအဝင် မွေးမြူရေးပစ္စည်းတွေ၊ နည်းလမ်းတွေနဲ့အတူ ဖုန်းဝန်ဆောင်မှုအထိ ပါဝင်မှာဖြစ်ပါတယ်။

၆ လစာ ငှားရမ်းခအတွက် အမေရိကန်ဒေါ်လာ ၆၀၀ ကျသင့်မှာဖြစ်သလို ကြက်မ ၂ ကောင်ကနေလည်း တပတ်ကို ကြက်ဥတဒါဇင်အထိ လတ်လတ်ဆတ်ဆတ် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ဂေါ့ဖ်တောင်း (Goffstown) မြို့ခံတွေဖြစ်ကြတဲ့ တမ်ပဲလ်တန် စုံတွဲကတော့ ကြက်မွေးမြူရေးကို လွယ်ကူစေရမယ်ဆိုပြီး အာမခံထားပါတယ်။

အဲဒီနောက် ဘရိုင်ယန် တမ်ပဲလ်တန်က “ဖောက်သည်အများစုဟာ ကြက်တွေအပေါ်​ သံယောဇဉ်ဖြစ်ပြီး သူတို့မွေးခဲ့တဲ့အကောင်ကိုပဲ ထပ်လိုချင်ကြတယ်။ ဒါကြောင့် ကြက်တွေရဲ့ ခြေချင်းဝတ်မှာ အရောင်တံဆိပ်လေးတွေနဲ့ မှတ်သားပေးထားတယ်” ဆိုပြီး ပြောပြပါတယ်။

အမေရိကန် စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန (USDA) ကတော့ ကြက်ဥဈေးနှုန်းကို ၁၅ ရာခိုင်နှုန်း အထိ ပြီးခဲ့တဲ့တလတည်းမှာ မြင့်တက်ခဲ့တဲ့အကြောင်း အတည်ပြုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့မှုကို ဖြေရှင်းနိုင်ဖို့အတွက်လည်း ဒေါ်လာ ၁ ဘီလီယံအထိ သုံးစွဲသွားမယ်လို့ USDA အစိုးရအေဂျင်စီက အတည်ပြုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013