DVB Logo
Home
မြန်မာသတင်း
BGF စောချစ်သူနှင့် အပေါင်းပါများကို လူကုန်ကူးမှုဖြင့် ဖမ်းဝရမ်းထုတ်ရန် ထိုင်းရှေ့နေချုပ်ရုံးသို့ အမှုတွဲပေးပို့ 
DVB
·
March 4, 2025
BGF စောချစ်သူနှင့် အပေါင်းပါများကို လူကုန်ကူးမှုဖြင့် ဖမ်းဝရမ်းထုတ်ရန် ထိုင်းရှေ့နေချုပ်ရုံးသို့ အမှုတွဲပေးပို့ 
Donate to DVB

ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူနဲ့ အပေါင်းပါတချို့ကို  ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းစစ်ဆေး‌ရေးတပ်ဖွဲ့ (DSI) က ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းရှေ့နေချုပ်ရုံးကို အမှုတွဲပေးပို့လိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အမှုတွဲကို ဖေဖော်ဝါရီ ၃ ရက်က ပေးပို့ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် ပြည်တွင်းနဲ့ ပြည်ပ လူကုန်ကူးမှုတွေနဲ့ ပတ်သက်နေလို့ဖြစ်တယ်၊ သက်သေအထောက်အထား ခိုင်လုံတာကြောင့် ရှေ့နေချုပ်ရုံးကို ပေးပို့ထားတယ်၊ စောချစ်သူနဲ့တကွ အပေါင်းပါ  ၁၀ ယောက်လောက် ပါဝင်ပြီး ထိုင်းလူမျိုးလည်း ပါဝင်တယ်၊ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး၊ ဘယ်သူဖြစ်ဖြစ် ဘယ်ရာထူးဖြစ်ဖြစ် ဘက်လိုက်မှုမရှိဘဲ အရေးယူမှာ ဖြစ်တယ်လို့ DSI လက်အောက်ခံ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူး ဆီရီဝစ်ကဆဲမ်ဆဒ်က ပြောပါတယ်။

ဒီမတိုင်ခင်ကတော့ BGF ခေါင်းဆောင် စောချစ်သူအပြင် ဒုဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူး တင်ဝင်းတို့ ပါ၀င်ကြောင်း၊ သူတို့ဟာ အိန္ဒိယနိုင်ငံသား ၇  ယောက် မြဝတီကျားဖြန့်ဂိုဏ်းမှာ  လူကုန်ကူးခံရတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရှိတယ်လို့ DSI တာဝန်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ဖူးပါတယ်။

Source: - MGR Online / Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013