DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်း ၂ ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်
DVB
·
March 4, 2025
ပခုက္ကူတွင် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်း ၂ ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဖေဖော်ဝါရီ ၂၈ ရက်က ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Burma Revolution Rangers အဖွဲ့က မတ် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Burma Revolution Rangers ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၂ ယောက်လုံးက ပခုက္ကူတပ်မ ၁၀၁ မှာ မတရားပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေကြရသူတွေ ဖြစ်ပါတယ်။ သူတို့တွေ ပေါ်တာဆွဲခံရတာကတော့ မန္တလေးမှာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုဘိုရဲနဲ့ အသက် ၂၇ နှစ်အရွယ် ကိုပိုင်သူထွန်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Burma Revolution Rangers အဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ကာတွန်းက “ဖြစ်စဥ်ကတော့ ဆန်းတယ်ဗျ။ အဲဒီနေ့က သူတို့အထက်အရာရှိ ၂ ပွင့်ဗိုလ်တယောက်နဲ့ သူတို့ ၂ ယောက်က အဲဒီ ၁၀၁ တပ်နားက KTV မှာ ရောက်နေကြရင်းနဲ့ အဲဒီ ၂ ပွင့်ဗိုလ်ကောင်က အမူးလွန်နေတုန်း ထွက်ပြေးလာကြတာ။ ဗိုလ်ကောင်ကို သတ်ပြီးမှ ပြေးမယ့်ဟာ အချိန်မရတော့လို့ ခဲယမ်းတွေယူပြီး ပြေးလာရတာတဲ့။ စစ်သင်တန်း တက်နေရကတည်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာ၊ နောက်ဆုံးတော့လည်း အောင်မြင်ပြီတဲ့လေ။ အစက သူတို့ ဆက်သွယ်ထားတာကတော့ ကျနော်တို့အဖွဲ့မဟုတ်ဘူး၊ တခြားအဖွဲ့ကိုချိတ်တာ။ ဒါပေမဲ့ ကျနော်တို့နဲ့နီးနေလို့ သွားခေါ်ပေးခဲ့ရတာဗျ။ သူတို့နဲ့ပါဆိုရင် ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာတဲ့သူ ၆ ယောက်ရှိနေပြီ။ အလင်းဝင်လာကြသူတွေအားလုံးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့ အပြည့်အဝ တာဝန်ယူပါတယ်။ ဒါကြောင့်မို့လို့ ကျန်နေသေးတဲ့ စစ်တပ်ထဲက သူတွေကိုလည်း အမြန်ဆုံး အလင်းဝင်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

Burma Revolution Rangers အဖွဲ့ဆီကို အလင်းဝင် ခိုလှုံလာကြတဲ့ အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ယောက်ဟာ မန္တလေးမြို့မှာ မတရားပေါ်တာဆွဲခံရပြီးနောက် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့မှာ ပြည်သူ့စစ်သင်တန်း ၃ လကြာ တက်ခဲ့ကြရကာ သင်တန်းဆင်းပြီး ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ဆီကို ပို့ဆောင်ခံလိုက်ရတာလို့လည်း သူက ဆက်ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ 5.56 ကျည်အတောင့် ၁၀၀၊ လက်ပစ်ဗုံး ၂ လုံး၊ MA ကျည်ဘောက် ၃ ခု၊ နင်းမိုင်းအသေး ၁ လုံးတို့နဲ့အတူ Burma Revolution Rangers အဖွဲ့ဆီကို အလင်းဝင်ရောက် ခိုလှုံခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013