DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် မသန်စွမ်း ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
March 4, 2025
နေပြည်တော်တွင် မသန်စွမ်း ၁ ဦး ဆွဲကြိုးချသေဆုံး
Donate to DVB

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျကျေးရွာမှာ မတ် ၂ ရက်၊ ညနေ ၄ နာရီ ၅၅ မိနစ်လောက်က ဆွဲကြိုးချသေဆုံးနေတဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာခွင့်ပြုချက်နဲ့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

သေဆုံးသူဟာ ‌အောက်ပိုင်းမသန်စွမ်းဖြစ်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင်ဝင်း ဖြစ်ပြီး အိမ်အောက်ဘက်ရှိ တန်းတခုမှာ သားရေကြိုးကို လည်ပင်းပတ်လျက် သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ညနေ ၅ နာရီထိုးခါနီးလောက်မှာ တွေ့တာ။ သူက မသန်စွမ်းဘူး။ ကိုယ့်ကိုယ် စိတ်ဓာတ်ကျပြီးတော့ လုပ်သွားတာလို့ပဲ သိရပါတယ်။ သူ့မိန်းမ အလုပ်သွားချိန်မှာ ဖြစ်သွားတာ” လို့ ဆိုပါတယ်။

သေဆုံးသူဟာ အဆိုပါအိမ်မှာ ဇနီးဖြစ်သူ၊ ယောက္ခမတော်စပ်သူ အမျိုးသမီးတယောက်နဲ့ အတူနေထိုင်တာဖြစ်ပြီး ဇနီးဖြစ်သူ အလုပ်သွားချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရုပ်အလောင်းကို နေပြည်‌တော် ခုတင်‌ဆေးရုံ၊ ရင်ခွဲဌာနကို ကရုဏာရှင် လူမှုကူညီရေး ပရဟိတအသင်းယာဥ်နဲ့ ပို့ဆောင်ကူညီပေးထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013