DVB Logo
Home
နိုင်ငံတကာ
အီလွန်မတ်စ်၏ ၁၄ ယောက်မြောက်ကလေးကို ဂရိစပါတန် အမည်ပေး
DVB
·
March 2, 2025
အီလွန်မတ်စ်၏ ၁၄ ယောက်မြောက်ကလေးကို ဂရိစပါတန် အမည်ပေး
Donate to DVB

အမေရိကန်အစိုးရအကျိုးထိရောက်မှုဌာန (DOGE) အကြီးအကဲ၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အသက်  အီလွန်မတ်စ်ရဲ့ ၁၄ ယောက်မြောက် ရင်သွေးမွေးဖွားခဲ့တယ်လို့ မွေးပေးတဲ့မိခင်ဖြစ်သူက ထုတ်ပြန်ပါတယ်။ 

မတ်စ်ဟာ Neuralink ကုမ္ပဏီက အမှုဆောင်တယောက်ဖြစ်တဲ့ ရှီဗွန်ဇီလစ်နဲ့ ကလေး ၃ ယောက် မွေးဖွားထားပြီးဖြစ်လို့ အခုမွေးလာတဲ့ သားကလေးက ၄ ယောက်မြောက်ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဇီလစ်က X လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး ဆဲလ်ဒန် လိုက်ကာဂက်စ် (Seldon Lycurgus) လို့ နာမည်ပေးထားတဲ့ သားကလေး မွေးဖွားကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ 

လိုက်ကာဂတ်စ် ဆိုတာဟာ ဂရိစပါတာတွေရဲ့ ဒဏ္ဍာရီထဲက ဥပဒေပြဋ္ဌာန်းသူပုဂ္ဂိုလ်ရဲ့ နာမည် ဖြစ်ပါတယ်။ 

စစ်ရေးကို ဦးစားပေးတဲ့ စပါတန် လူ့အဖွဲ့အစည်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်တဲ့ ယူနိုးမီးယား လို့ခေါ်တဲ့ အုပ်ချုပ်မှုကောင်းတရပ် ထူထောင်မှုအတွက် ချီးကျူးခံရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ 

မတ်စ်ဟာ နိုင်ငံရေးမှာ ဝင်ပတ်သက်နေချိန်မှာ မွေးလာတဲ့ကလေးကို ဒီလို နာမည်ပေးတာ ဖြစ်ပါတယ်။  

“အီလွန်နဲ့ ဆွေးနွေးအပြီးမှာ၊ အာကားဒီးယား (သူတို့နှစ်ဦးရဲ့ တတိယရင်သွေး) မွေးနေ့မှာ ကျမတို့ရဲ့ အံ့ဩစရာကောင်းတဲ့ သားလေး ဆဲလ်ဒန် လိုက်ကာဂတ်စ် အကြောင်းကို တိုက်ရိုက်မျှဝေတာ ကောင်းမယ်လို့ ကျမတို့ခံစားမိပါတယ်” လို့ ဇီလစ်က ရေးထားပါတယ်။ 

မတ်စ်ကတော့ ဇီလစ်ရဲ့ ပို့စ်ကို အသည်းပေးထားပါတယ်။ 

မတ်စ်နဲ့ ဇီလစ်ဟာ အမြွှာမောင်နှစ်မ နှစ်ဦးဖြစ်တဲ့ စထရိုက်ဒါနဲ့ အဇူရီ တို့မွေးထားတယ်လို့   ၂၀၂၁ နိုဝင်ဘာမှာ ကြေညာခဲ့ပါတယ်။ 

မတ်စ်နဲ့ ကနေဒါအဆိုတော် ဂရိုင်းမ်စ် တို့ရဲ့ ကလေး Exa Dark Sideræl ကို အငှားကိုယ်ဝန်နဲ့ မွေးပြီးတော့ ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ဒီအမြွှာနှစ်ဦးကို မွေးခဲ့တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ ဇီလစ်ရဲ့ တတိယကလေး အာကားဒီးယားကို မွေးခဲ့တာ ဖြစ်ပါတယ်။  

ဂရိုင်းမ်စ်က သူနဲ့ ဇီလစ်အကြား ဆက်သွယ်မှုရှိခဲ့ပြီး အပြန်အလှန်နားလည်တယ်လို့ ရေးခဲ့သလို ဇီလစ်ကလည်း အလားတူတုံ့ပြန်ထားပါတယ်။  

ဂရိုင်းမ်စ်နဲ့ မတ်စ်ကြားမှာ ကလေး ၃ ယောက်ရှိပြီး အဲဒီအထဲမှာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ပခုံးပေါ် ခေါ်တင်လာလို့ ထင်ရှားတဲ့ ၄ နှစ်အရွယ် သားဖြစ်သူ  X Æ A-12 (အက်စ် အက်ရှ် အေ တွဲလ်ဗ်)၊ သမီးဖြစ်သူ  ၃ နှစ်အရွယ် Exa Dark Sideræl (အက်ဆာ ဒါ့ခ် ဆိုက်ဒီးရီးယဲလ်)၊  ၂ နှစ်အရွယ် သားဖြစ်သူ  Techno Mechanicus (တက္ကနို မက်ကန်းနီးကပ်စ်) တို့ရှိပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့က စာရေးဆရာမ အက်ရှ်လေ စိန့်ကလဲရ် က သူနဲ့ မတ်စ်တို့ R.S.C (အာရ်၊ အက်စ်၊ စီ)  လို့ခေါ်တဲ့ ကလေးတယောက် လွန်ခဲ့တဲ့ ၅ လက မွေးဖွားထားကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ 

ဒီကလေးကို ကျွေးမွေးစောင့်ရှောက်ဖို့ကိစ္စကတော့ ညှိနှိုင်းနေဆဲဖြစ်ပြီး မတ်စ်ဘက်က လူသိရှင်ကြား အသိအမှတ်ပြုပေးတာကို စောင့်နေတာလို့ စိန့်ကလဲရ်ရဲ့ ကိုယ်စားလှယ်က လူမှုကွန်ရက် X မှာ ထုတ်ပြန်ထားပါတယ်။ 

ကျန်တဲ့ကလေး ၆ ယောက်ကိုတော့ ပထမဇနီး ဂျနီဖာ ဂျက်စတင်မက်စ်နဲ့ ရခဲ့တာ ဖြစ်ပါတယ်။ မတ်စ်ဟာ သရုပ်ဆောင် တာလူလာ ရိုင်လေနဲ့ ၂ ကြိမ် လက်ထပ်ခဲ့ပေမဲ့ ကလေးမရခဲ့ဘဲ အခု နောက်ဆုံးကလေး မွေးတဲ့ ဇီလစ်နဲ့ရော ဂရိုင်းမ်စ်နဲ့ပါ လက်မထပ်ထားပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013