
လူတူစက်ရုပ်တွေဟာ လူတွေထက်တုံ့ပြန်မှု သာပြီးလာမဲ့ ၁၀ နှစ်အတွင်း ခေတ်ရေစီးကြောင်းမှာ အဓိကကျလာမှာဖြစ်တယ်လို့ တက်စလာ စီအီးအို အီလွန်မတ်စ်က ပြောပါတယ်။
လူတူစက်ရုပ်တွေရဲ့ မှတ်ညဏ်၊ ဆင်ဆာ၊ AI တွက်ချက်မှုတွေက သာမန်အားဖြင့် လူတွေရဲ့ ဇီဝဖွဲ့စည်းပုံထက် တုံ့ပြန်မှုနှုန်းမြန်ဆန်သလို ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကလည်း သာတယ်လို့ အီလွန်မတ်က ပြောပါတယ်။
ဆီလီကွန်တောင်ကြားမှာ တရုတ်မီဒီယာ CMG နဲ့ အင်တာဗျူးချိန် မတ်စ်က လူတူစက်ရုပ်တွေရဲ့ လျင်လျင်မြန်မြန်တိုးတက်လာတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဖြေကြားခဲ့တာပါ။
အီလွန်မတ်စ်က “စက်ရုပ်တွေမှာ အရမ်းမြန်တဲ့ တုံ့ပြန်မှုရှိပါတယ်။ ဒါ့ကြောင့် တုံ့ပြန်တဲ့အချိန်မှာ စက်ရုပ်ကို အနိုင်ရဖို့ အရမ်းခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ဇီဝဖြစ်စဉ်တွေက တနည်းနည်းနဲ့ ကန့်သတ်မှုတွေရှိနေပါတယ်။ စက်ရုပ်တွေမှာတော့ မှတ်ညဏ်တွေ တိုးမြှင့်နိုင်သလို ဆင်ဆာတွေ၊ ကင်မရာဖရိန်ရိတ်တွေ၊ AI တွက်ချက်မှုတွေ တိုးမြှင့်နိုင်ပါတယ်။ ဒါ့ကြောင့် အခြေခံကျတဲ့အချက်အရ လူတူစက်ရုပ်တွေက လူသားတွေထက်တုံ့ပြန်မှု မြန်ပါတယ်။ စက်ရုပ်ကစားပွဲတွေ ကြည့်ရတာ ကျနော်ကြိုက်သလို အမေရိကန်မှာရှိတဲ့လူတွေကလည်း ဒီလိုကြည့်ရတာကို ကြိုက်ကြပါတယ်။ ဆိုရှယ်မီဒီယာမှာလည်း ဒီအကြောင်း တွေပါပဲ” လို့ ပြောပါတယ်။
စက်ရုပ်ပြိုင်ပွဲတွေက လူတူစက်ရုပ်တွေရဲ့ ပိုပြီး ကျယ်ပြန့်တဲ့ တိုးတက်လာမှုကို ပြသနေတာလို့ လည်းသူက ဆိုပါတယ်။
“စက်ရုပ်ပြိုင်ပွဲတွေက ဖျော်ဖြေမှုတွေပေးသလို လူတူစက်ရုပ်တွေရဲ့ တိုးတက်မှုကိုလည်း ခင်ဗျားတို့ မြင်နိုင်ပါတယ်။ လက်ဝှေ့၊ နပမ်း၊ အပြေး၊ ကျွမ်းဘား စတဲ့ ကစားနည်းတွေမှာ စက်ရုပ်တွေရဲ့ ပါဝင်လာမှုက အနာဂတ်မှာ ပိုများလာမှာပါ။ ကျတော်ထင်တယ် ၁၀ ထက်တောင် မပိုပါဘူး စက်ရုပ်တွေတိုးတက်လာမယ်ဆိုတာ ခန့်မှန်းရလွယ်ပါတယ်” လို့ မတ်စ်က ပြောပါတယ်။
ဒါ့အပြင် မတ်စ်က AI လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
အီလွန်မတ်စ်က “တရုတ်၊ အမေရိကန် ၂ နိုင်ငံတည်းက ဒီစည်းမျဉ်းတွေကို လိုက်နာရုံမဟုတ်ဘဲ နိုင်ငံတိုင်းက AI ထုတ်ကုန်တွေကို စည်းကမ်းအတိုင်း ထုတ်လုပ်ဖို့ ဘယ်လိုစည်းကမ်းတွေ ထုတ်မလဲဆိုတာ လုပ်ရမှာပါ။ ဒီလိုစည်းကမ်းတွေထုတ်တာက လူသားတွေအားလုံးအတွက် အရမ်းအရေးကြီးပြီး AI လုပ်ငန်းမှာလည်း လုံခြုံစေပါတယ် “လို့ ပြောပါတယ်။
Source:Reuters










