လူတူစက်ရုပ် ဆိုဖီယာဟာ ဟောင်ဟောင်မှာ ကျင်းပတဲ့ Live ဖျော်ဖြေပွဲမှာ ပထမဆုံးအကြိမ် သီဆိုခဲ့ပါတယ်။
AI အပြင်အဆင်တွေနဲ့ တေးဂီတဖျော်ဖြေပွဲမှာ Classical သီချင်းတွေကို ဆိုဖီယာက ပထမဆုံးအကြိမ် ဖျော်ဖြေမှုပဲ ဖြစ်ပါတယ်။
အဲဒီပွဲဟာ ရိုးရာယဉ်ကျေးမှုတွေကို ဆန်းသစ်တီထွင်မှုတွေနဲ့ ပေါင်းစပ်ပြီး AI ဖျော်ဖြေပွဲအဖြစ် ပြုလုပ်ခဲ့တာပါ။
ဘော်ကြယ်တွေနဲ့ အလှဆင်ထားပြီး ရွှေရောင်အင်္ကျီ ဝတ်ဆင်ထားတဲ့ လူတူစက်ရုပ် ဆိုဖီယာဟာ ဟောင်ကောင်နှစ်ချင်းတက္ကသိုလ် သံစုံတီးဝိုင်းနဲ့ သီချင်း ၃ ပုဒ် သီဆို ဖျော်ဖြေခဲ့မှုက ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့ပါတယ်။
ဆိုဖီယာစက်ရုပ်ကို ၂၀၁၆ ခုနှစ်က ဟောင်ကောင်အခြေစိုက် ဟန်ဆန်စက်ရုပ်ကုမ္ပဏီက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဆိုဖီယာစက်ရုပ်ဟာ မျက်နှာပြင်ခံစားမှု ဖော်ပြတာနဲ့ ဆက်သွယ်လုပ်ဆောင်နိုင်မှုတွေ တိုးမြင့်လာခဲ့ပြီး အဲဒီတိုးတက်မှုတွေထဲမှာ သီချင်းသီဆိုမှုလည်း ပါဝင်ပါတယ်။
ဒါဟာ လူတွေကြားမှာရှိတဲ့ စက်ရုပ်အတွက် သံစုံတီးဝိုင်းမှာ ပထမဆုံး ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လတုန်းက တောင်ကိုရီးယားနိုင်ငံမှာ စက်ရုပ်က တယောကြီး တီးပြမှု ၁ ခု ပြုလုပ်ခဲ့ဖူးပေမဲ့ လူတူစက်ရုပ်က တကယ့် ဖျော်ဖြေပွဲမှာ သီဆိုတာက ကမ္ဘာ့ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။
ဆိုဖီယာရဲ့ ဂီတဒါရိုက်တာနဲ့ အနုပညာနည်းပြ ဝီလ်ဒေါ့က စက်ရုပ်ကို classical ဂီတတွေ သင်ပေးတဲ့အခါ သံစဉ် ၅ ခုအထိ တိုးချဲ့ခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီပွဲမှာ ဆိုဖီယာက စက်ရုပ်နဲ့ လူတွေအကြား ကွာဟချက်ကို ဒီသီချင်းတွေက တံတားအဖြစ် ကူညီနိုင်ဖို့ မျှော်လင့်တယ်ဆိုတာ ပြောခဲ့ပါတယ်။
အဲဒီဖျော်ဖြေပွဲမှာ AI အသုံးပြု ကာတွန်းလှုပ်ရှားမှုတွေ၊ AI အသုံးပြု လှုပ်ရှားမှုပုံရိပ်တွေနဲ့ virtual avatar နဲ့ လူတယောက် ကတာကို ပေါင်းစပ် ဖော်ပြမှု စတဲ့ ဖျော်ဖြေမှုတွေ ပါဝင်ပါတယ်။
Source: Reuters











