DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲ တရားမဝင်ထီဖွင့်မှုဖြင့် အီလွန်မတ်စ် တရားစွဲခံရမည်
DVB
·
August 21, 2025
ရွေးကောက်ပွဲ တရားမဝင်ထီဖွင့်မှုဖြင့် အီလွန်မတ်စ် တရားစွဲခံရမည်
Donate to DVB

အမေရိကန် ရွေးကောက်ပွဲကာလမှာ ဒေါ်လာ ၁ သန်း မဲပေါက်နိုင်တယ်ဆိုပြီး အခြေခံဥပဒေကို ထောက်ခံကြောင်း လျှောက်လွှာမှာ လိမ်လည်လက်မှတ်ထိုးခိုင်းမှုနဲ့ မဲဆန္ဒရှင်တချို့က စွပ်စွဲထားတဲ့ အမှုကို ရင်ဆိုင်ဖို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ကို ပြည်ထောင်စုတရားသူကြီးတယောက်က အမိန့်ထုတ်လိုက်ပါတယ်။  

မတ်စ်နဲ့ သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မတီ America PAC ဟာ ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကိုယ်ရေးအချက်အလက်တွေ ရယူဖို့ လွဲမှားစွာ သွေးဆောင်ခဲ့တယ်လို့ ဂျက်ကလင်း မက်-အဖာတီ ဆိုသူက စွပ်စွဲထားပါတယ်။ 

ထိခိုက်နစ်နာသူတွေ အများအပြားကို ကိုယ်စားပြု တရားစွဲဆိုမှု (class action lawsuit) အဖြစ် လျှောက်ထားတာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ အဆုံးအဖြတ် ပြည်နယ် ၇ ခုက မဲဆန္ဒရှင်တွေဆိုရင် လျှောက်လွှာမှာ လက်မှတ်ထိုးရုံနဲ့ နေ့စဉ် ဒေါ်လာ ၁ သန်း မဲဖောက်ပေးမှု ပါဝင်နိုင်တယ်ဆိုပြီးတော့  မတ်စ် နဲ့ PAC အဖွဲ့က သွေးဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

မဲဆန္ဒရှင်တွေဟာ တကယ့်နာမည်၊ လိပ်စာ၊ အီးမေးလိပ်စာနဲ့ ဖုန်းနံပါတ်တွေ ပေးခဲ့ရပါတယ်။ ဒါပေမဲ့ တရားမဝင် ထီဖွင့်ရာမရောက်အောင်လို့ မတ်စ်က ဒီလူတွေကို ကျပန်းရွေးခဲ့တာမဟုတ်ဘဲ မဲဆွယ်စကားပြောပေးနိုင်တဲ့သူမျိုးကို ရွေးချယ်ချီးမြှင့်ခဲ့တာသာ ဖြစ်တယ်လို့ နောက်ပိုင်း ပြန်ဖြေရှင်းခဲ့ပါတယ်။ 

ဒါပေမဲ့ မတ်စ်နဲ့ သူ့ရဲ့ အဖွဲ့ဟာ ဒေါ်လာ ၁ သန်းကို ‘ချီးမြှင့်’တာ ဖြစ်ပြီး ဒီပိုက်ဆံကို  ‘ဆွတ်ခူး’နိုင်တဲ့ အခြေအနေမျိုး ဖန်တီးထားတယ်လို့ တက္ကဆက်ပြည်နယ်၊ အော်စတင်က၊ ခရိုင်တရားသူကြီး ရောဘတ်ပစ်တ်မန်းက သုံးသပ်ပါတယ်။ 

တရားသူကြီး ပစ်တ်မန်းကို ၂၀၁၄ ခုနှစ်တုန်းက ဒီရာထူးမှာ သမ္မတ ဘားရတ်အိုဘားမားက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မတ်စ်ကတော့ လက်မှတ်ရေးထိုးသူတွေက သူတို့ ကိုယ်ရေးအချက်အလက်ပေးရုံနဲ့ နစ်နာမှု မရှိဘူးလို့ ငြင်းထားပါတယ်။ 

ဒါပေမဲ့ ရွေးကောက်ပွဲ အဆုံးအဖြတ် ပြည်နယ်တွေက မဲဆန္ဒရှင်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ ဘယ်လို တန်ဖိုးရှိတယ်ဆိုတာ နိုင်ငံရေးအချက်အလက် ကျွမ်းကျင်ပညာရှင် တယောက်က သက်သေခံနိုင်တယ်လို့ တရားသူကြီးက သုံးသပ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013