DVB Logo
Home
နိုင်ငံတကာ
အက်စတိန်း၏ ဖိုင်အသစ်တွင် အီလွန်မတ်စ်နှင့် မင်းသားအန်ဒရူးတို့အမည် ပါဝင်
DVB
·
September 27, 2025
အက်စတိန်း၏ ဖိုင်အသစ်တွင် အီလွန်မတ်စ်နှင့် မင်းသားအန်ဒရူးတို့အမည် ပါဝင်
Donate to DVB

လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ဂျက်ဖရီအက်စတိန်းရဲ့ ဖိုင်အသစ်ထဲမှာ ဘီလျံနာ အီလွန်မတ်စ်နဲ့ ဗြိတိန်မင်းသားအန်ဒရူးတို့ ပါဝင်တယ်လို့ ဒီမိုကရက်လွှတ်တော်အမတ်တွေက ထုတ်ပြန်ပါတယ်။ ‌

အက်စတိန်းက အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီကို လွှဲပြောင်းပေးခဲ့တဲ့ ဖိုင်မှာ အီလွန်မတ်စ်ဟာ ၂၀၁၄ ဒီဇင်ဘာလက အက်စတိန်းရဲ့ကျွန်းကို ဖိတ်ကြားခြင်းခံခဲ့ရတယ်လို့ ပေါ်ပေါက်လာပါတယ်။

ဒါ့အပြင် မင်းသားအန်ဒရူးလည်း ၂၀၀၀ ပြည့်နှစ် မေလက နယူးဂျာစီကနေ ဖလော်ရီဒါကို ပျံသန်းခံတဲ့ လေယာဉ်ခရီးစဉ်ထဲမှာ ပါဝင်နေတာတွေ့ရပါတယ်။

မင်းသားအန်ဒရူးက သူ့မှာအပြစ်မရှိဘူးလို့ အရင်ကတည်းက ငြင်းဆိုထားပြီး အီလွန်မတ်စ်က အက်စတိန်းရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့ကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။ 

ဒီတခေါက်ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေဟာ အက်စတိန်းဆီကရတဲ့ သက်သေတွေထဲက တတိယမြောက် ထုတ်ပြန်ခဲ့တာပါ။

အောက်လွှတ်တော်ရဲ့ ဒီမိုကရက်အမတ်တွေက ဖုန်းမက်ဆေ့ချ်တွေ၊ လေယာဉ်ခရီးစဉ် မှတ်တမ်းတွေ၊ ငွေစာရင်းစာအုပ်တွေနဲ့ အက်စတိန်းရဲ့ နေ့စဉ်အချိန်ဇယားလည်း ပါဝင်တယ်လို့ ပြောပါတယ်။

အဲ့ဒီစာရင်းမှာ အီလွန်မတ်နဲ့ မင်းသားအန်ဒရူးအပါအဝင် အင်တာနက်လုပ်ငန်းရှင် ပီတာတီးလ်နဲ့ ထရမ့်ပ်ရဲ့ အကြံပေးဟောင်း စတိဗ်ဘန်နွန်တို့လည်း ပါဝင်နေပါတယ်။

အဲ့ဒီဖိုင်တွေထဲမှာ ၂၀၁၄ ခုနှစ်က မိုက်ခရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်နဲ့လည်း မနက်စာပါတီလုပ်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဘီလ်ဂိတ်က အက်စတိန်းနဲ့ တွေ့ဆုံမိတာက မှားယွင်းမှုတခုလို့ ၂၀၂၂ ခုနှစ်က ဘီဘီစီသတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

အက်စတိန်းဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ လိင်ကုန်ကူးမှုစွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာဖြစ်ပါတယ်။

ကော်မတီက ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တွေဟာ သားကောင်တွေထက် နိုင်ငံရေးကို ဦးစားပေးတယ်လို့ စွပ်စွဲထားပြီး အက်စတိန်းရဲ့ ဖိုင်တွေအားလုံးကို မကြာမီ ထုတ်ပြန်မယ်လို့လည်း ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013