DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်း ပြန်အသုံးပြုနိုင်​ပြီဟု စလင်း ပကဖ ထုတ်ပြန်
DVB
·
March 1, 2025
ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်း ပြန်အသုံးပြုနိုင်​ပြီဟု စလင်း ပကဖ ထုတ်ပြန်
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယာယီသွားလာခွင့်ပိတ်ပင်ထားတဲ့ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့  စလင်း ပကဖ ဆီကနေ သိရပါတယ်။

စလင်း ပကဖ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်း က “စစ်ရေးအခြေအနေကြောင့် ၁ လ နီးပါးကြာ ပိတ်ပင်ထားခဲ့တဲ့ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းမှာ ခရီးသွားပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်​ပါပြီ” လို့ ပြောပါတယ်။

စလင်းမြို့နယ် ပကဖ ဟာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းကတည်းက အသုံးပြုခွင့်ယာယီပိတ်ပင်ထားခဲ့ရာက အခု ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းကစလို့ ပုံမှန်အတိုင်းသွားလာခွင့်​ပြုပေးခဲ့တာပါ။

စလင်း ပကဖ တာဝန်ခံ အမ်ဖိုး က “ဆိပ်ဖြူမြို့နယ်ထဲက လေတပ်သုံးဗုံးသီးတွေထုတ်လုပ်တဲ့ ကပစ ၂၁၊ လက်နက်တွေထုတ်လုပ်တဲ့ ရွှေဘိုးကျွန်းရွာနားက ကပစ ၂၂၊ ကျည်ဆံနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးတွေထုတ်လုပ်တဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ နဲ့ အဲဒီစက်ရုံတွေကို လျှပ်စစ်ဓာတ်အားပို့လွှတ်နေတဲ့ ဓာတ်အားခွဲရုံတွေကိုကာကွယ်ဖို့ စစ်ကောင်စီ တပ်ဘက်က စစ်သည်အင်အားတွေ ဖြည့်တင်းနေတာဖြစ်လို့ အဲဒီလမ်းပိုင်းကို ယာယီ ပိတ်ပင်ခဲ့ရတာဖြစ်ပါတယ်။ လမ်းအသုံးခွင့်ပိတ်ပင်ထားတဲ့ကာလအတွင်း လိုက်နာပေးကြတဲ့ ပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စလင်း ပကဖ တပ်ဖွဲ့ဝင်တွေဟာ စလင်းမြို့ပေါ်အထိသွား‌ရောက်ပြီးတော့ ခရီးသွားပြည်သူတွေကို လုံခြုံရေးအရစစ်ဆေးတာတွေအပြင် မြို့‌ပေါ်ရပ်ကွက်တွေထဲအထိ လုံခြုံရေးလှည့်ကင်းပတ်တာတွေ ပြုလုပ်ခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာရက္ခတပ်တော် (AA ) ရဲ့ ထိုးစစ်တွေအတွင်း စစ်ကောင်စီတပ်စခန်းအများအပြားကျဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအနောက်ခြမ်းက တပ်စခန်းတွေကို စစ်သည်အင်အား၊ ရိက္ခာနဲ့ လက်နက်တွေ ဖြည့်တင်းနေတဲ့အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

စလင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့ မေတ္တာရပ်ခံ​ထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Photo - စလင်း ပကဖ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013