DVB Logo
Home
နိုင်ငံတကာ
အမျိုးသမီးသီးသန့် အာကာသခရီးစဉ်တွင် ပေါ့ပ်အဆိုကျော် ကေတီပယ်ရီ ပါဝင်
DVB
·
February 28, 2025
အမျိုးသမီးသီးသန့် အာကာသခရီးစဉ်တွင် ပေါ့ပ်အဆိုကျော် ကေတီပယ်ရီ ပါဝင်
Donate to DVB

နာမည်ကြီး ပေါ့ပ်အဆိုကျော် ကေတီပယ်ရီဟာ Blue Origin ကုမ္ပဏီရဲ့ New Shepard ဒုံးပျံနဲ့အတူ အာကာသအထိ သွားရောက်ဖို့ရှိကြောင်း သိရပါတယ်။

Blue Origin ကုမ္ပဏီပိုင်ရှင် ဂျက်ဖ် ဘီဇော့စ်ရဲ့ လက်တွဲဖော် လော်ရန် ဆန်းချက်ဇ် (Lauren Sanchez) နဲ့ နာဆာသိပ္ပံပညာရှင် အိုင်အီးရှား ဘိုဝီ (Aisha Bowe) စတဲ့ စုစုပေါင်း ၆ ယောက်မှာ ကေတီပယ်ရီလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ဒါဟာ ဆိုဗီယက်ခေတ်တုန်းက ဗယ်လင်တီးနား တီရစ်ရှ်ကာဗာ (Valentina Tereshkova) ရဲ့  ၁၉၆၃ တကိုယ်တော်မစ်ရှင်နောက်ပိုင်း အမျိုးသမီးတွေသာပါဝင်တဲ့ ပထမဆုံး အာကာသခရီးစဉ်ကို အကောင်အထည်ဖော်ခဲ့တာပါ။

Blue Origin ဘက်က ဒုံးပျံလွှတ်တင်မယ့်ရက်ကို အတိအကျ မဖော်ပြခဲ့ပေမဲ့လည်း လာမယ့်နွေဦးမှာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၂၃ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ ကေတီပယ်ရီရဲ့ ‘Lifetimes’ ကမ္ဘာလှည့်ဖျော်​ဖြေပွဲပါ ရှိနေတာကြောင့် အာကာသခရီးစဉ်ဟာ ဒီ့ထက်ပိုပြီးစောမှာ ဖြစ်ပါတယ်။

NS-31 အမည်ရ မစ်ရှင်ဟာ New Shepard ဒုံးပျံအတွက် ၁၁ ကြိမ်မြောက် လူလိုက်ပါနိုင်တဲ့ အာကာသခရီးစဉ်ဖြစ်သလို သမိုင်းတလျှောက်မှာ ဆိုရင်လည်း ၃၁ ကြိမ်မြောက် ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အဲဒီမစ်ရှင်က လူ ၅၂ ယောက်ကို အာကာသထဲ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Blue Origin ရဲ့ အဆိုအရ New Shepard ဒုံးပျံနဲ့သွားမယ့် ခရီးစဉ်တခုဟာ ပုံမှန်အားဖြင့် ၁၁ မိနစ်သာ ကြာမြင့်တတ်ပြီး အာကာသယာဉ်မှူးမပါဘဲ အလိုအလျောက် မောင်းနှင်မှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း Blue Origin ရဲ့  လူသားလိုက်ပါနိုင်တဲ့ ပထမဆုံးခရီးစဉ်မှာ ဘီဇော့စ် ကိုယ်တိုင် စီးပြခဲ့ပေမဲ့လည်း အဓိကပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ SpaceX တည်ထောင်သူ အီလွန်မတ်စ်ခ် ကတော့ အာကာသကိုသွားတာမျိုး မတွေ့ရသေးပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013