DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်း 
DVB
·
February 28, 2025
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်း 
Donate to DVB

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ကို အယုံအကြည်မရှိကြောင်း အတိုက်အခံ ပါတီတွေဘက်က ထိုင်းလွှတ်တော်မှာ  ဖေဖော်ဝါရီ ၂၇ ရက်က အဆိုတင်သွင်းခဲ့ပါတယ်။ 

အတိုက်အခံပါတီခေါင်းဆောင် နိုင်းနာ့ဿ်ဖုန်း ရိန်းပန်းယားဝုဒ် ဦးဆောင်တဲ့ ပါတီဝင်တွေဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ်ပေါ် အယုံအကြည်မရှိတော့ကြောင်း၊ အယုံမကြည်မရှိစေတဲ့ အချက်အ လက်တွေပါဝင်တဲ့ အဆိုပြုလွှာကို ထိုင်းလွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက် နော်မထာထံ  လွှတ်တော်ခန်းမရှေ့မှာ မနေ့က ပေးအပ်ခဲ့တာပါ။ 

ထိုင်းလွှတ်တော်ဥပဒေပုဒ်မ ၁၅၁ အရ တင်သွင်းတဲ့ အယုံအကြည်မရှိကြောင်း အဆိုပြုလွှာကို လွှတ်တော်အမတ် ၁၆၆ ယောက်က သဘောတူ လက်မှတ်ထိုးပေးပို့တာဖြစ်ပြီး အဲဒီထဲမှာ People’s Party မှ ၁၄၃ ယောက်၊  Fair Party ပါတီမှ  တယောက်၊ Palang Pracharath ပါတီမှ ၁၉ ယောက်နဲ့  Thai Sang Thai ပါတီမှ ၃ ယောက်တို့ ပါဝင် ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရလက်ထက်မှာ တိုင်းပြည်အုပ်ချုပ်စီမံခန့်ခွဲမှု အားနည်းတယ်။ ဝန်ကြီးချုပ်ဟာ တိုင်းပြည်အုပ်ချုပ်ဖို့ အရည်အချင်းမပြည့်မီဘူး၊ နိုင်ငံ့ခေါင်းဆောင်မပီသဘူး၊ တာဝန်ယူမှုတာဝန်ခံမှု မရှိဘူး။ ထိုင်းနိုင်ငံရဲ့ GDP စီးပွားရေးအညွှန်းကိန်း တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး၊ လုပ်သားပြည်သူတွေရဲ့ ပြဿနာအခက်အခဲကို မဖြေရှင်းပေးနိုင်ခဲ့ဘူး၊ မဲဆွယ်စဉ်ကာလ ကတိကဝတ်တွေအတိုင်း မဆောင်ရွက်နိုင်ခဲ့ဘူး၊ ဝန်ကြီးရာထူးခန့်ထားရေးမှာ ဘက်လိုက်မှုရှိတယ်၊ သူ့ရဲ့ ဖခင် သက်ဆင် ရှင်နာဝပ်ကို တိုင်းပြည်အုပ်ချုပ်စီမံတဲ့လုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်ခွင့်ပြုခဲ့တယ်၊ ဖခင်က ကြိုးကိုင်တဲ့ ရုပ်သေးအစိုးရအဖြစ် ခံယူတယ် စတဲ့ အားနည်းချက်တွေနဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့တာလို့ အတိုက်အခံပါတီခေါင်းဆောင်က ပြောပါတယ်။

တိုင်းပြည်မှာ အလုပ်သမားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိပေမဲ့လည်း အဆိုပါ ဝန်ကြီးဌာနအားလုံးဟာ ဝန်ကြီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတာမို့  ဝန်ကြီးချုပ်မှာ တာဝန်ရှိကြောင်း၊ ဒါကြောင့် ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်တယောက်တည်းကိုသာ အယုံအကြည်မရှိ အဆိုတင်သွင်းတာလို့ ဆိုပါတယ်။ 

အဆိုပါအဆိုပြုလွှာကို လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက် နော်မထာက ကိုယ်တိုင်လာရောက် လက်ခံရယူပြီး လုပ်ထုံးလုပ်နည်းအရ အဆိုပြုလွှာပါအချက်အလက်တွေ မှန်ကန်မှုရှိမရှိ ၇ ရက်အတွင်း စစ်ဆေးသွားမယ်၊  စစ်ဆေးပြီးစီးပါက အစိုးရအဖွဲ့ထံ ဆက်လက်ပေးပို့ပြီး  အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ လာမယ့် မတ် ၂၄ ရက် လွှတ်တော်အစည်းအဝေးမှာ လာ‌ရောက်ချေပ ရှင်းလင်းရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ 

Source:  PPTV News / Matichon   

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013