DVB Logo
Home
နိုင်ငံတကာ
ထိုင်းစစ်တပ်က တခုခုလုပ်လျှင် မကန့်ကွက်ဟု ဆန္ဒပြခေါင်းဆောင်ပြော
DVB
·
June 30, 2025
ထိုင်းစစ်တပ်က တခုခုလုပ်လျှင် မကန့်ကွက်ဟု ဆန္ဒပြခေါင်းဆောင်ပြော
Donate to DVB

“ထိုင်းစစ်တပ်က တခုခုလုပ်မယ်ဆိုရင် မကန့်ကွက်ဘူး” လို့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြပွဲ ဦးဆောင်သူတယောက်ဖြစ်တဲ့ ဆွန်ဒီလင်မ်သောင်ကူလ်က ပြောကြားခဲ့ပါတယ်။

နယ်စပ်ပြဿနာကနေ စတင်ပြီး ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဖဲထောင်းထန်းတို့ ဖုန်းဆက်သွယ်ပြောဆိုမှုအသံဖိုင် ပေါက်ကြားခဲ့အပြီးမှာတော့ နုတ်ထွက်ဖို့ ဘက်ပေါင်းစုံက ဖိအားပေးလာကြတာ ဖြစ်ပါတယ်။

ပုံနှိပ်လုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ ဆွန်ဒီက“နိုင်ငံလုံးဆိုင်ရာ အကျပ်အတည်းတခုမှာ စစ်ဘက်က တခုခုလုပ်ချင်တယ်ဆိုရင် လုပ်လိုက်ပါ။  ဒါပေမဲ့ ဝန်ကြီးချုပ် ရွေးချယ်ရာမှာတော့ အများပြည်သူပါဝင်မှု ရှိရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

စနေနေ့က ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲမှာ ခန့်မှန်းခြေ လူ ၁၀,၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ခန့်မှန်းပါတယ်။

“ဗိုလ်ချုပ်ကြီးတွေ မထည့်ပါနဲ့။ ကျုပ်တို့လိုလူတွေပဲ ထည့်ပါ” လို့ ၂၀၀၈ ခုနှစ်က ဘန်ကောက်လေဆိပ်နှစ်ခုကို ပိတ်ဆို့ဆန္ဒပြတဲ့ ရှပ်ဝါလှုပ်ရှားမှုရဲ့ ပင်မခေါင်းဆောင်တယောက်လည်း ဖြစ်ခဲ့သူ ဆွန်ဒီက ပြောပါတယ်။

စနေနေ့က ဆန္ဒပြပွဲမှာ ရှပ်ဝါအင်အားစုတွေအပြင် တချိန်က သက်ဆင်ဘက်က အင်အားစုလို့ အများထောက်ခံခဲ့ကြတဲ့ ရှပ်နီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဟောင်းတယောက်ဖြစ်တဲ့ ဂျာတူပွန် ပရွမ်ပန်ပါ မိန့်ခွန်းပြောခဲ့ပါတယ်။လက်ရှိမှာ သက်ဆင်ကို ပွင့်ပွင့်လင်းလင်းဝေဖန်သူ ဖြစ်လာတဲ့ ဂျာတူပွန်က သက်ဆင့်သမီးသာ အာဏာတွယ်ကပ်နေမယ်ဆိုရင် နောက်ထပ်လာဦးမယ်လို့ သတိပေးခဲ့ပါတယ်။ စနေနေ့က ဆန္ဒပြပွဲမှာ ပြဿနာတစုံတရာ မရှိဘဲ ည ၉ နာရီခွဲ ဝန်းကျင်မှာ လူစုခွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013