DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေး သံတမန်ကို အာခံခဲ့သူ ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
DVB
·
February 28, 2025
ငြိမ်းချမ်းရေး သံတမန်ကို အာခံခဲ့သူ ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
Donate to DVB

ဘော့စနီးယားတရားရုံးတရုံးက ဖေဖော်ဝါရီ ၂၆ ရက်မှာ ဘော့စနီးယား ဆာ့ဘ်ခွဲထွက်ရေးခေါင်းဆောင် မီလိုရတ် ဒိုဒီကို ထောင်ဒဏ်တနှစ် ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေးသံတမန်တယောက်ရဲ့ အမိန့်ကို ဖီဆန်လို့ နိုင်ငံရဲ့ ဆာ့ဘ်ကြီးစိုးရာဒေသရဲ့ သမ္မတအဖြစ် ၆ နှစ်ကြာ ရာထူးကနေ နုတ်ထွက်ဖို့ကိုလည်း အမိန့်ချမှတ်ခဲ့ပါတယ်။

ဘော့စနီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆာ့ဘ်သမ္မတနိုင်ငံ အကြီးအကဲ ဒိုဒီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးသံတမန် ခရစ်စီယံရှမစ်တို့က ဆိုင်းငံ့ထားဖို့  စီရင်ချက်ချထားတဲ့ ဥပဒေတွေကို လက်မှတ်ရေးထိုးခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်မှာ စွဲချက်တင်ခံခဲ့ရတာပါ။

ဘော့စနီးယားနိုင်ငံမှာ စစ်ပွဲရပ်ဖို့ ၁၉၉၅ ခုနှစ်မှာ သူ့ရဲ့အခန်းကဏ္ဍကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ဒိုဒီက စွဲချက်ကို ပယ်ချခဲ့ပြီး ဆာ့ဘ်ကြီးစိုးတဲ့ ဘော့စနီးယား ဒေသမှာ နိုင်ငံအဆင့်အတန်းကို လျှော့တဲ့လုပ်ရပ်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတော် အစိုးရရှေ့နေ၊ ပြည်နယ်တရားရုံးနဲ့ ထောက်လှမ်းရေးအေဂျင်စီတို့ကို ပိတ်ပင်ခဲ့ပါတယ်။

ဘော့စနီးယားနိုင်ငံမှာ နိုင်ငံသားတွေဟာ ထောင်ဒဏ်တနှစ်ထက်မပိုရင် ထောင်ဒဏ်အစား ဒဏ်ငွေပေးဆောင်နိုင်လို့ ထောင်ဒဏ်ကို ရှောင်နိုင်နေပါတယ်။

စီရင်ချက်ကို အယူခံဝင်ဖို့ ၂ ပတ်အချိန်ရှိပြီး အယူခံမှုလုပ်ငန်းစဉ် ပြီးဆုံးရင် စီရင်ချက်က တရားဝင်ဖြစ်လာမှာပါ။

ဗုဒ္ဓဟူးနေ့ရုံးချိန်းမှာ တရားရုံးကို သူရော သူ့ရှေ့နေတွေရော မတက်ခဲ့ပါဘူး။

“ဒီနေ့၊ ခင်ဗျားတို့စိတ်ကူးထားတဲ့ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားတို့ မရှိတော့ဘူး” လို့ သူက ဘန်ဂျာ လူခါမှာရှိတဲ့ ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

“ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုကို လိုတယ်၊ အဆုံးအထိ သွားမယ်” လို့လည်း သူကပြောပါတယ်။

တရားရုံးစီရင်ချက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း သွေးထွက်သံယို လူမျိုးရေးပဋိပက္ခကို ခံစားခဲ့ရတဲ့ ဘော့စနီးယားမှာ နောက်ထပ် နိမ့်ကျတဲ့ အချက်တချက် ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန် ပဋိပက္ခပြီးတည်းက ဒိုဒီရဲ့ ဆာ့ဘ်သမ္မတနိုင်ငံနဲ့ ခရိုအေးရှား၊ ဘော့စနီးယား လူမျိုးတွေနဲ့ မျှဝေထားတဲ့ ပြည်ထောင်စုဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခု ပေါ်ထွက်ခဲ့တာပါ။ ဒေသ ၂ ခုလုံးဟာ နှစ်ရှည်လများ အကွဲအပြဲကို ပေါင်းကူးမပေးနိုင်တဲ့ အားနည်းတဲ့ ဗဟိုအစိုးရကနေ တဆင့် ချိတ်ဆက်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013