DVB Logo
Home
နိုင်ငံတကာ
ထိုင်းအမည်ခံ တရားမဝင်နိုင်ငံခြားသား လုပ်ငန်းများကို ပစ်မှတ်ထားနှိမ်နင်းမှု စတင်
DVB
·
February 27, 2025
ထိုင်းအမည်ခံ တရားမဝင်နိုင်ငံခြားသား လုပ်ငန်းများကို ပစ်မှတ်ထားနှိမ်နင်းမှု စတင်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ခရိုင် ၇ ခုမှာ ထိုင်းတွေက နာမည်ခံပေးပြီး နိုင်ငံခြားသားတွေ လုပ်ကိုင်နေတဲ့ တရားမဝင်လုပ်ငန်းတွေအပေါ် အကြီးစားနှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

ဒီလို တရားမဝင်လုပ်ငန်းတွေကြောင့် ထိခိုက်ဆုံးရှုံးမှုက ဖူးခက်မှာတင် ဘတ် ၁ ဘီလီယံ ကျော်တယ်လို့ ထိုင်းရဲခရိုင် ၈ (PPR8) က ထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးဟာ ထိုင်းနာမည်ခံတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ကွန်ရက်တွေကို တိုက်ဖျက်ဖို့ဖြစ်တယ်လို့ PPR8 ရဲမင်းကြီး ဒုတိယဗိုလ်ချုပ်ကြီး ဆူရာပေါင် သာနွမ်ဂျစ်က ပြောပါတယ်။

ဒါဟာ ပြည်တွင်းအလုပ်အကိုင်တွေကို ကာကွယ်ဖို့နဲ့ သင့်လျော်တဲ့ ခွင့်ပြုချက် (ပါမစ်) မယူဘဲ နိုင်ငံတွင်းမှာ လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေ ကိုင်တွယ်ဖို့ ဖြစ်တယ်လို့ သာနွမ်ဂျစ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ထိုင်းရဲတွေဟာ တောင်ပိုင်းက ဆူရတ်သာနီနဲ့ ဖူးခက် အပါအဝင် ခရိုင် ၇ ခုက နေရာ ၂၉ ခုကို မကြာသေးမီက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

သံသယရှိသူ ၂၃ ယောက် ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ ထိုင်းနာမည်ခံနဲ့ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ယောက် ပါဝင်ပါတယ်။

သူတို့တွေဟာ စားသောက်ဆိုင်တွေ၊ အင်တာနေရှင်နယ်ကျောင်းတွေ၊ ဟိုတယ်တွေ၊ ကားအငှားလုပ်ငန်းတွေ၊ ကွန်ဒိုတွေ၊ အိမ်ရာတွေနဲ့ အဆင့်မြင့်အိမ်ရာလုပ်ငန်းတွေ လုပ်ကိုင်နေကြပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ငွေသား ဘတ် ၄ ဒသမ ၁ သန်း သိမ်းဆည်းမိထားတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံသားတွေအတွက် အမည်ခံလုပ်ငန်းတွေ လုပ်လို့ရအောင် စာရွက်စာတမ်းတွေ လုပ်ပေးနေတဲ့ စာရင်းစစ်လုပ်ငန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖူးခက်စစ်ဆင်ရေးမှာ ရုရှား၊ အီရန်၊ ဩစတြေးလျ၊ တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ အမည်ခံလုပ်ငန်းအမှု ၅ မှု စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းနေတဲ့ ဩစတြေးလျနိုင်ငံသားတယောက်နဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကိုပါ ဖမ်းဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013