
အရှေ့အလယ်ပိုင်းဒေသက အမေရိကန်စစ်ဆင်ရေးတွေမှာ လပေါင်းများစွာကြာအောင် ပါဝင်ကူညီခဲ့ပြီးတဲ့နောက် USS George H.W. Bush လေယာဉ်တင်သင်္ဘောကြီးဟာ သင်္ဘောသားနဲ့ ဝန်ထမ်းဦးရေ ၄,၈၀၀ လောက် အပန်းဖြေနားနေဖို့ အောက်တိုဘာလ ၄ ရက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ဆီ ရောက်လာပါတယ်။
နစ်မစ်ဇ်အမျိုးအစား လေယာဉ်တင်သင်္ဘောကြီးဟာ အီရန်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေချိန် ကာလအတွင်း အာရေဗျပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သတင်းဌာနအများအပြားက ဖော်ပြပါတယ်။
ဒီသင်္ဘောကြီးဟာ ကမ်းလွန်မှာ ကျောက်ချရပ်နားထားမှာဖြစ်ပေမဲ့ သင်္ဘောသားတွေက ဖူးခက်ရေနက်ဆိပ်ကမ်းကတဆင့် ကမ်းပေါ်တက်ပြီး အောက်တိုဘာ ၄ ရက်ကနေ ၉ ရက်အထိ ကျွန်းပေါ်မှာ အချိန်ကုန်ဆုံးကြမယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။
အခုခရီးစဉ်မတိုင်မီ ပြီးခဲ့တဲ့လက USS အေဘရာဟင်မ် လင်ကွန်းသင်္ဘောကြီးဟာ ချုံဘူရီခရိုင်က လမ်ချဘန်ဆိပ်ကမ်းဆီ ဝင်နားခဲ့ဖူးပြီး၊ အဲဒီအချိန်က သင်္ဘောသား အယောက် ၅,၀၀၀ လောက်ဟာ ဒေသတွင်းစီးပွားရေးမှာ ဘတ်ငွေ သန်း ၁၀၀ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖိုးလောက် သုံးစွဲခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










