DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်က ဓားစာခံ ၄ ဦးအလောင်း လွှဲပြောင်း၊ အစ္စရေးက အကျဉ်းသား ၆၀၀ ကျော်လွှတ်ပေး
DVB
·
February 27, 2025
ဟားမတ်စ်က ဓားစာခံ ၄ ဦးအလောင်း လွှဲပြောင်း၊ အစ္စရေးက အကျဉ်းသား ၆၀၀ ကျော်လွှတ်ပေး
Donate to DVB

ဟားမတ်စ်အဖွဲ့က အစ္စရေးဓားစာခံ ၄ ယောက်ရဲ့ ရုပ်အလောင်းကို ဂါဇာကနေ စတင်လွှဲပြောင်းပေးခဲ့အပြီးမှာ ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်လောက်အထိ အစ္စရေးဘက်က စတင်လွှတ်ပေးနေပြီလို့ သိရပါတယ်။

အလောင်းတွေဟာ အသက် ၈၆ နှစ်အရွယ် ရှလိုမို မန်ဆော်၊ အသက် ၅၀ အရွယ် အိုဟက် ယာဟာလိုမီ၊ အသက် ၅၀ အရွယ် ဆာချီအီဒန်၊ အသက် ၆၉ နှစ်အရွယ် အစ်ဇစ်အယ်လ်ဂါရတ်တို့ ဆိုတာ မှန်ကန်မှု ရှိ၊ မရှိကို အစ္စရေးဘက်က DNA စစ်ဆေးဦးမှာ ဖြစ်ပါတယ်။

ဒီ ၄ ယောက်စလုံးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့က ဖမ်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် အစောပိုင်းမှာတော့ ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ကို အစ္စရေးဘက်က စတင်လွှတ်ပေးနေပြီဖြစ်ပြီး တချို့တွေဟာ အနောက်ဘက်ကမ်းနဲ့ ဂါဇာကို ပြန်ရောက်လာပြီလို့ သိရပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို လူအုပ်ကြီးက ဝိုင်းဝန်းကြိုဆိုခဲ့ကြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ စနေနေ့ကတည်းက အဆုံးသတ်ရမယ့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ရဲ့ နောက်ဆုံးလဲလှယ်မှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက အစ္စရေးအမျိုးသမီး ရှီရီဘီဘာစ်ရဲ့ အလောင်းဆိုပြီး ပေးတဲ့ ရုပ်အလောင်းတခုဟာ ပါလက်စတိုင်းအမျိုးသမီးတယောက်ရဲ့အလောင်း ဖြစ်နေတာကြောင့် အစ္စရေးနဲ့ ပြဿနာတက်ခဲ့ပါတယ်။

ဟားမတ်စ်ကတော့ စိစစ်မှု မှားယွင်းတာလို့ ထုတ်ပြန်ထားပြီး နောက်တလောင်း ထပ်ပေးခဲ့ပါတယ်။ အဲဒီအလောင်းကမှ ဘီဘာစ်ရဲ့ အလောင်းလို့ အစ္စရေးဘက်က အတည်ပြုပါတယ်။

အစောပိုင်းလဲလှယ်မှုတွေမှာ ဟားမတ်စ်က အကျဉ်းသားတွေ၊ အလောင်းတွေကို အခမ်းအနားနဲ့ ပြသပြီး ‘အရှက်တကွဲ’ ဖြစ်အောင်လုပ်ပြီးမှ လွှဲပေးတယ်ဆိုပြီး အစ္စရေးဘက်က ကန့်ကွက်ခဲ့ပါတယ်။

ဒါကြောင့် ကတိအတိုင်း ပါလက်စတိုင်းအကျဉ်းသားတွေ လွှတ်ပေးရမှာကို အစ္စရေးက ဆိုင်းငံ့ခဲ့ပါတယ်။

ဒါကြောင့် ဒီတကြိမ် အလောင်း ၄ လောင်း လွှဲရာမှာ ဟားမတ်စ်ဘက်က အခမ်းအနားမလုပ်ဘဲ  လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013