DVB Logo
Home
မြန်မာသတင်း
ပေါက်ခေါင်းတွင် စစ်တပ်ဒေါက်တိုင်များလုပ်သည့် လောင်းကစားဝိုင်းကို PDF ဖမ်းဆီး
DVB
·
February 27, 2025
ပေါက်ခေါင်းတွင် စစ်တပ်ဒေါက်တိုင်များလုပ်သည့် လောင်းကစားဝိုင်းကို PDF ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ ဒေါက်တိုင်တွေ ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်ခရိုင် ၃၆၀၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က “ပြည်နဲ့ ပေါက်ခေါင်းမြို့နယ်အစပ်က ကြူဝက်ရွာမှာ စစ်ကောင်စီဒေါက်တိုင်ဖြစ်သူတွေ ဦးဆောင် ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ကျနော်တို့ရဲဘော်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ကြတာပါ” လို့ ပြောပါတယ်။

ဖမ်းဆီးမှုအတွင်း လောင်းကစားဝိုင်းပြုလုပ်နေကြတဲ့ လောင်းကစားဒိုင်အချို့၊ လောင်းကစားဝိုင်းမှာ ပါဝင်နေကြတဲ့ ပြည်သူအချို့ကို ငွေသား ၇၀၀,၀၀၀ အပါအဝင် လောင်းကစားဝိုင်းမှာ အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ တပ်ရင်းမှူး ရှင်မင်းညိုက “အဲဒီလောင်းကစား၀ိုင်းတွေကို ဝက်ထီးကန်တိုက်နယ်မှာနေတဲ့ စစ်တပ်ရဲ့ အမာခံဒေါက်တိုင် (သားသတ်) ဝက်ကုမ္ပဏီက ဇေယျာဦးနဲ့ ဆီဆုံကုန်းရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင် ငထွန်း ရဲ့တူ တူးကိုတို့ ဦးဆောင်ပြီးတော့ လောင်းကစားဝိုင်းတွေ ထောင်နေတယ်ဆိုတာ သိရလို့ ဝင်ဖမ်းခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ ပါဝင်ကြသူ လောင်းကစားဒိုင်အချို့နဲ့ လောင်းကစားဝိုင်းမှာ ပါဝင်ကြတဲ့ ပြည်သူတွေကို နောက်နောင် အခုလို လောင်းကစားဝိုင်းတွေမှာ မပါဝင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကောင်းကောင်းမွန်မွန်ဆုံးမပြီး ပြန်လွှတ်ပေးလိုက်ကာ နောက်တကြိမ် အခုလိုဖမ်းဆီးရမိပါက ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူတွေကို တော်လှန်ရေးမှာ စိတ်ပါဝင်စားမှုနဲ့ ထောက်ခံအားပေးမှု လျော့နည်းစေပြီး စစ်အုပ်ချုပ်ရေးအောက်မှာ လောင်းကစား အပါအဝင် အပျော်အပါးတွေနဲ့ ပျော်မွေ့နေစေဖို့ ရည်ရွယ်ပြီး စစ်ကောင်စီတပ်ဟာ သူတို့ရဲ့လက်အောက်ခံ ဒေါက်တိုင်ဖြစ်သူတွေကို ဦးဆောင်စေပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ မပါဝင် မပတ်သက်ကြဖို့လည်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ က သတိပေး တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013