DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တပတ်အတွင်း ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသား ၉၅၀၀ ကျော်ဖမ်းဆီးခံရ၊ မြန်မာ အများဆုံးပါဝင်  
DVB
·
February 27, 2025
ထိုင်းတွင် တပတ်အတွင်း ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသား ၉၅၀၀ ကျော်ဖမ်းဆီးခံရ၊ မြန်မာ အများဆုံးပါဝင်  
Donate to DVB

ထိုင်းနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှု၊ ထိုင်းဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသားနဲ့ ရွှေ့ ပြောင်းလုပ်သားတွေကို စစ်ဆေးနှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကစ်သီရတ် ဖန်းဖိတ်ရဲ့ ညွန်ကြားချက်နဲ့ ဆောင်ရွက်နေတာမှာ တပတ်အတွင်း ၉၅၀၀ ကျော် ဖမ်းဆီးရမိ ခဲ့တယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဗဟိုရဲတပ်ဖွဲ့၊ လဝက ရဲတပ်ဖွဲ့ နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး  ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသားတွေ၊ တရားမဝင်အလုပ်သမားတွေ၊ ခွင့်ပြုတဲ့လုပ်ငန်းထက် ဘောင်ကျော်ပြီး ဝင်ရောက်လုပ်ကိုင်နေသူတွေကို လိုက်လံစစ်ဆေးနေတာမှာ ဒီ ၂၀၂၅ ခု ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်ထိ တပတ်အတွင်း ဥပဒေနဲ့မညီညွတ်သူ ၉၅၃၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် အာချ်ယွန်း ကလိုင်းထောင်းန်က ဖေဖော်ဝါရီ ၂၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဲဒီထဲမှာ ဝရမ်းပြေး ၂၀၇ ဦး၊ တရားမဝင် ဝင်ရောက်နေထိုင်သူ ၆၂၃၉ ဦး၊ အိုဗာစတေး (ဗီဇာသက်တမ်းကုန်) ၈၇၅ ဦး၊ လိုင်စင်အသိမ်းခံရသူ ၁၂၀၊ ခွင့်ပြုချက်မရတဲ့လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်သူ ၄၆၃ ဦးနဲ့ အခြားပြစ်မှု ၁၆၂၈ ဦးတို့ပါဝင်တယ်။ 

ဖမ်းဆီးခံရသူတွေမှာ ထိုင်းနိုင်ငံသား ၅၆၄ ဦး၊ မြန်မာ ၄၈၇၉ ဦး၊ လာအို  ၁၆၉၉ ဦး၊ ကမ္ဘောဒီးယား ၁၃၇၆ ဦး၊ ဗီယက်နမ် ၁၀၃ ဦးနဲ့ အခြားနိုင်ငံသား ၉၁၁ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဆိုပါအမှုတွေထဲကနေ လက်ပစ်ဗုံး ၁ လုံးနဲ့  ခေတမင်းမူးယစ်ဆေး ၁ ကီလိုဂရမ်ကို ဖမ်းမိတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုမှာ ထိုင်ဝမ်ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဝရမ်းပြေးတဦး ပါဝင်တယ်၊ သူဟာ ထိုင်ဝမ်မှာ ပြစ်မှု ၅ ခုနဲ့ ထိုင်းမှာ လာရောက်ပုန်းရှောင်နေတာဖြစ်တယ်၊ ဒါ့အပြင် မြန်မာဘက်ခြမ်း ကော်လ်စင်တာဂိုဏ်းက လိမ်လည်ခေါ်ယူခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ ထိုင်း ၁ ဦးတို့ပါ ဖမ်းဆီးရမိတယ်၊  သူတို့ကို ဆင်းပူးရီးခရိုင်ထဲမှာ ဖမ်းမိပြီး  လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ထံ အပ်နှံထားတယ်လို့ ပြောပါတယ်။ 

ဒါ့အပြင်  ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်းခရိုင်ထဲမှာ လူကုန်ကူးခံရပြီး နယ်စပ်ကနေ ဝင်ရောက်လာတဲ့ တရုတ် နိုင်ငံသား ၆ ဦးကို ကယ်တင်ခဲ့တယ်၊ သူတို့ဟာ ဟိုင်းလပ်စ်ကားပေါ်ကနေ ခုန်ချထွက်ပြေးလာတာဖြစ်တယ်၊ အဆိုပါဖြစ်ရပ်နဲ့ဆက်စပ်ပြီး ဆူရင်းမြို့ပေါ် မသင်္ကာတဲ့ အငှားအိမ်ရာတွေ ဈေးဆိုင်တွေ လိုက်လံစစ်ဆေးပြီး လူကုန်ကူးမှု၊ နိုင်ငံကူး လက်မှတ်အတုလုပ်မှုနဲ့ လူ ၁၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဟာ ဖမ်းဆီးစစ်ဆေးမှုတွေကို ဒီနေရာတင်ရပ်နေမှာမဟုတ်ဘဲ ရာဇဝတ်မှု နဲ့ ဥပဒေချိုးဖောက်မှု ပပျောက်ရေး၊ ထိုင်းပြည်သူတို့ရဲ့ အေးချမ်းစွာနေထိုင်နိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့အတွက် ဒီလိုစီမံချက်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ကိုးကား - POLICE TV news 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013