DVB Logo
Home
မြန်မာသတင်း
တရုတ်က မြန်မာနယ်စပ်အနီး အဆင့်မြင့်ရေဒါများချထားမှု အိန္ဒိယလုံခြုံရေးကို ခြိမ်းခြောက်နေ
DVB
·
February 27, 2025
တရုတ်က မြန်မာနယ်စပ်အနီး အဆင့်မြင့်ရေဒါများချထားမှု အိန္ဒိယလုံခြုံရေးကို ခြိမ်းခြောက်နေ
Donate to DVB

တရုတ်နိုင်ငံက မြန်မာနယ်စပ်အနီး အဆင့်မြင့်ရေဒါတွေ ဖြန့်ကြက်ချထားတာကြောင့် အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အကြောင်း India Today သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြပါတယ်။

မြန်မာနဲ့နယ်စပ် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ ခေတ်မီဆန်းပြားတဲ့ ရေဒါစနစ် တခုကို ထူထောင်လိုက်တာဖြစ်ပြီး ဒါက အိန္ဒိယရဲ့ ဒုံးကျည်အစီအစဉ်နဲ့ အမျိုးသားလုံခြုံရေးအတွက် သိသိသာသာ သက်ရောက်မှုရှိနိုင်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ဆိုပါတယ်။

အသစ်တပ်ဆင်ထားတဲ့ ရေဒါ Large Phased Array Radar (LPAR) က တရုတ်ကို အိန္ဒိယသမုဒ္ဒရာရဲ့ ကျယ်ပြန့်တဲ့ ဧရိယာတွေနဲ့ အိန္ဒိယပိုင်နက်အတွင်း ကီလိုမီတာ ၅,၀၀၀ ကျော်အထိ နက်ရှိုင်းစွာ စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့ အကွာအဝေးကို ပိုင်ဆိုင်ထားတယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါအဆင့်မြင့်ရေဒါစနစ်က အထူးသဖြင့် အိန္ဒိယရဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ ဆက်စပ်ပြီးတော့ တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးစုဆောင်းနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

ကြိုတင်သတိပေးမှုနဲ့ စောင့်ကြည့်မှုတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ LPAR စနစ်က ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ပြီး ခြေရာခံနိုင်စွမ်းရှိသလို သူ့ရဲ့ ကျယ်ပြန့်တဲ့ အကွာအဝေးကြောင့် အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်း Dr APJ Abdul Kalam ကျွန်းလို အဓိကနေရာတွေက ဒုံးကျည်စမ်းသပ်မှုတွေကို ထိရောက်စွာ စောင့်ကြည့်နိုင်မယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက်မြင့်မားနေတာကြောင့် အိန္ဒိယနယ်စပ်အနီး တရုတ်ရဲ့ စောင့်ကြည့်ထောက်လှမ်းမှု အခြေခံအဆောက်အအုံတွေ တိုးချဲ့ချထားတာက ဒေသတွင်းလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေအတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီကိစ္စကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက တရုတ်ရဲ့ စူးစမ်းလေ့လာမှုကနေ ကာကွယ်ဖို့ တန်ပြန်စောင့်ကြည့်ရေး အစီအမံတွေနဲ့ အစားထိုး ဒုံးကျည်စမ်းသပ်မှု ဗျူဟာတွေကို ရှာဖွေနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Source: India Today

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013