DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၊ ရုရှားနှင့် တရုတ် ခေါင်းဆောင်များ အစည်းအဝေးအစီအစဉ် မကြာမီ အပြီးသတ်နိုင်မည်
DVB
·
November 4, 2026
အမေရိကန်၊ ရုရှားနှင့် တရုတ် ခေါင်းဆောင်များ အစည်းအဝေးအစီအစဉ် မကြာမီ အပြီးသတ်နိုင်မည်
Donate to DVB

နိုဝင်ဘာလနှောင်းပိုင်းမှာ ကျင်းပမဲ့ ရုရှား၊ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေရဲ့ ၃ ပွင့်ဆိုင် အစည်းအဝေးအတွက် စီစဉ်ဆောင်ရွက်မှုတွေကို လာမဲ့ရက်ပိုင်းအတွင်း အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရုရှားသမ္မတနန်းတော် ကရင်မလင်က နိုဝင်ဘာလ ၃ ရက်မှာ ပြောပါတယ်။

ဖြစ်လာနိုင်ခြေရှိတဲ့ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ပါဝင်မဲ့သူတွေကြားမှာ သင့်လျော်ပြီး အလွန်အသုံးဝင်မဲ့ နားလည်သဘောပေါက်မှုမျိုး ရှိထားကြတယ်လို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို တယ်လီဖုန်း ကွန်ဖရင့်ကနေ ပြောပါတယ်။

အောက်တိုဘာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်ပြည်မကြီး အစိုးရနဲ့ ရုရှားအစိုးရတို့ ပါဝင်မဲ့ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အခုလအတွင်း ကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတခု ကျင်းပနိုင်ခြေရှိတယ်လို့ ကရင်မလင်က အရင်က ပြောထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013