DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါး စစ်ကောင်စီသံလမ်းကင်းတဲစခန်း ၅ ခု တပြိုင်တည်း တိုက်ခိုက်ခံရ
DVB
·
February 26, 2025
ကျောက်တံခါး စစ်ကောင်စီသံလမ်းကင်းတဲစခန်း ၅ ခု တပြိုင်တည်း တိုက်ခိုက်ခံရ
Donate to DVB

ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ ရှိ စစ်ကောင်စီသံလမ်းကင်းတဲ စခန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း -P2-3702 က ထုတ်ပြန်ပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉၊ P2-3702 တပ်ရင်း၊ Spring Warriors Column တပ်ရင်းတွေက တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပြီး MA ကျည်​ဘောက် ၂ ဘောက်နဲ့ ကျည် အတောင့် ၂၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

ဂိတ်ကင်းတဲစခန်းအားလုံးကို မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့ပြီး တိုက်ပွဲအတွင်း P2 -3702 တပ်ရင်းမှ ရဲဘော်တဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲနေ့ည ၁၀း၁၅ မိနစ်လောက်ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းအား  KNLA တပ်ရင်း ၉ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းကလည်း ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်း - ကွင်းချောင်းဝ လမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အား ၃၀ ခန့် ကာကင်းစခန်းကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702၊ ရိုးမ  ၂  အထူးကွန်မန်ဒိုတပ်ရင်း P2-9914 နဲ့ Spring Warriors Column P2-7001 တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲမှာ ကျောက်တံခါးမြို့နယ်၊ ရွှေဝါရွာ အခြေစိုက် ခလရ ၃၀၇ တပ်ရင်းမှ လက်နက်ကြီး ပစ်ကူပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး တိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း ၅ လောင်း၊ ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA 1 တလက်၊ ကျည်ကာဦးထုပ် ၃ လုံးနဲ့ ကျည် ၁၀၀ တို့ကို သိမ်းဆည်းရရှိခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013