DVB Logo
Home
မြန်မာသတင်း
ကန်ဒေါ်လာ ၂၃ သန်းနှင့် ဘတ် သန်း ၁၅၀ ထုတ်ရောင်းမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ထုတ်ပြန်
DVB
·
February 26, 2025
ကန်ဒေါ်လာ ၂၃ သန်းနှင့် ဘတ် သန်း ၁၅၀ ထုတ်ရောင်းမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ထုတ်ပြန်
Donate to DVB

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ရောင်းချပေးမယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ဟာ အခု ဖေဖော်ဝါရီလအတွင်း သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အတွက် အမေရိကန်ဒေါ်လာ ၆၅ သန်းကျော်၊ ထိုင်းဘတ် ၉ သန်းကျော်နဲ့ တရုတ်ယွမ် ၇ သန်းကျော် ထုတ်‌ရောင်းပေးထားပါတယ်။

အဲဒီလို ရောင်းချနေပေမဲ့ တဖက်မှာတော့ စင်ကာပူ MOPS ဈေးနဲ့ ပြင်ပ‌ဒေါ်လာပေါက်ဈေး အပေါ် မူတည်ပြီး ဈေးအတက်အကျ ဖြစ်လေ့ရှိတဲ့ ပြည်တွင်း စက်သုံးဆီဈေးဟာ ဒေါ်လာဈေးရော စင်ကာပူ MOPS ရေနံဈေးပါ အကျဘက် ပြနေတဲ့ကြားက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဈေးအနည်းငယ် မြင့်တက်နေပါတယ်။

အမေရိကန်‌ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်မှာ တဒေါ်လာကို ၄,၈၀၀ ကျပ်နှုန်း ရောက်ခဲ့ပြီး အခု ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာတော့ တဒေါ်လာကို ၄,၄၅၀ ကျပ်ထိ ပြန်ကျဆင်းလာပါတယ်။

အလားတူ ထိုင်းဘတ်ဈေးက ဇန်နဝါရီ ဒုတိယပတ်မှာ ထိုင်း ၁ ဘတ်ကို မြန်မာငွေ ကျပ် ၁၃၈ ကျပ် ရှိခဲ့ပြီး လက်ရှိမှာတော့ ၁၃၂ ကျပ်အထိ ပြန်ကျနေသလို တရုတ်ယွမ်ဈေးကလည်း ၁ ယွမ်ကို မြန်မာငွေ ၆၅၀ ကျပ်ဝန်းကျင်ကနေ ၆၁၆ ကျပ်ကို ပြန်ကျဆင်းနေတာ ဖြစ်ပါတယ်။

အခုလို နိုင်ငံခြားငွေလဲဈေးတွေ ပြန်ကျဆင်းနေပေမဲ့ ကုန်ပစ္စည်းဈေးနှုန်း အများစုကတော့ အခုထိ ပြန်လည်ကျဆင်းသွားခြင်း မရှိသေးဘူးလို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

အနှစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013