DVB Logo
Home
နိုင်ငံတကာ
နိုင်ငံခြားသားများအတွက်  ဒေါ်လာ ၅ သန်းတန် Gold Card များ ရောင်းချပေးလိုဟု ထရမ့်ပ် ပြော  
DVB
·
February 26, 2025
နိုင်ငံခြားသားများအတွက်  ဒေါ်လာ ၅ သန်းတန် Gold Card များ ရောင်းချပေးလိုဟု ထရမ့်ပ် ပြော  
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ အမေရိကန်ကို ပြောင်းရွှေ့ပြီးတော့ အလုပ်အကိုင်တွေ ဖန်တီးလိုတဲ့ နိုင်ငံခြားသားတွေအတွက် ရွှေကတ်တွေကို ဒေါ်လာ ၅ သန်းနဲ့ စတင်ရောင်းချလိုကြောင်း ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဥပဒေကြောင်းအရ တရားဝင်တယ်လို့ သူ ပြောထားတဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ဟာ သီတင်း ၂ ပတ် လောက်အတွင်းမှာ စတင်နိုင်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ရုရှားမှ သူဌေးကြီးတွေဟာ  Gold Card တွေအတွက် အရည်အချင်းပြည့်မီနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

"EB-5" ပရိုဂရမ်ဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card တွေ ထုတ်ပေးထားတာပါ။ အဲဒီအစီအစဉ်နေရာမှာ အမေရိကန်အစိုးရဆီကနေ ဒေါ်လာ ၅ သန်းလောက်နဲ့ ဝယ်နိုင်မယ့်  Gold Card  "ရွှေကတ်" နဲ့ အစားထိုးမယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

“Gold Card ဆိုတာ  Green Card ကတ်ပဲ။ အဲဒီကတ်ကို ဒေါ်လာ ၅ သန်းလောက်နဲ့ စျေးသတ်မှတ်တော့မှာဖြစ်ပြီး အဲဒါဟာ အစိမ်းရောင်ကတ်ရဲ့ အခွင့်ထူးတွေ ပေးတဲ့အပြင် နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်း ဖြစ်မယ်”လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ချမ်းသာတဲ့သူတွေက ဒီကတ်ကိုဝယ်ပြီး အမေရိကန်ထဲကို ဝင်လာလိမ့်မှာဖြစ်ပြီး သူတို့ ချမ်းသာပြီး အောင်မြင်လာမယ်၊ အခွန်တွေ အများကြီး ပေးဆောင်ပြီး လူများစွာကို အလုပ်ခန့်လိမ့်မယ်၊ ဒါဟာ အရမ်းအောင်မြင်လိမ့်မယ်လို့ ထင်ကြောင်းလည်းထရမ့်ပ်က ပြောပါတယ်။

ဒါမျိုး အရင်က မလုပ်ဖူးသေးပေမဲ့ နောက် ၂ ပတ်လောက်ဆို ဒီအစီအစဉ် စတင်ပြီလို့လည်း ဆိုပါတယ်။

ကတ်တသန်း ရောင်းရရင် ဒေါ်လာ ၅ ထရီလီယံရမှာဖြစ်ပြီး ကတ် ၁၀ သန်းရောင်းရရင် စုစုပေါင်း ဒေါ်လာ ၅၀ ထရီလီယံ ရလိမ့်မယ်။

အမေရိကန်မှာ အကြွေး ၃၅ ထရီလီယံရှိနေတာဆိုတော့ ဒီအစီအစဉ်ဟာ ကောင်းမွန်သင့်တော်ပြီး အဲဒါကို တရားဥပဒေ ရှုထောင့်ကနေပြီးတော့ အားလုံး ပြေလည်သွားအောင် တရားဝင် လုပ်ထားတယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013