DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတိုက်ပွဲအတွင်း လူပေါင်း ၇,၀၀၀ ခန့်သေဆုံး
DVB
·
February 26, 2025
ကွန်ဂိုတိုက်ပွဲအတွင်း လူပေါင်း ၇,၀၀၀ ခန့်သေဆုံး
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းက တိုက်ပွဲတွေအတွင်း ဇန်နဝါရီလကတည်းက လူပေါင်း ၇,၀၀၀ လောက် သေဆုံးခဲ့ကြောင်း ကွန်ဂိုဝန်ကြီးချုပ် ဂျူးဒစ်သ် ဆူမင်ဝါ တူလူကာက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီရဲ့ အဆင့်မြင့်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ တိုက်ပွဲဝင်သူတွေနဲ့ အရပ်သားတွေ ပါဝင်ပြီး ဂိုမာမှာ သေဆုံးသူ ၃,၀၀၀ လောက်ရှိကြောင်း ကွန်ဂိုဝန်ကြီးချုပ်က ပြောပါတယ်။

စစ်ဘေးရှောင်စခန်း ၉၀ လောက် ပျက်စီးသွားပြီး လူပေါင်း ၄၅၀,၀၀၀ လောက် နေစရာ အမိုးအကာမရှိ ဖြစ်နေကြောင်းလည်း ဆိုပါတယ်။

အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ မျှတတဲ့ တရားစီရင်မှုမရှိဘဲ ပြစ်မှုစွပ်စွဲခံရသူကို သတ်ဖြတ်လိုက်တာတွေ ရှိနေတဲ့ကြားမှာ အရေးယူပေးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ပေးဖို့လည်း ကွန်ဂိုဝန်ကြီးချုပ်က ကမ္ဘာကို တိုက်တွန်းခဲ့ပါတယ်။

ပိုဆိုးရွားလာတဲ့ လုံခြုံရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ M23 သူပုန်တွေအပြင် လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ပျံ့နှံ့သွားကာ အန္တရာယ်ဖြစ်စေနိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

ဂျီနီဗာမှာ ပြုလုပ်တဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွင့်မိန့်ခွန်းမှာ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာတဝန်း လူ့အခွင့်အရေးဟာ အသက်ရှူကျပ်စရာ ဖြစ်နေပြီး ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်း ကြောက်စရာကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

M23 သူပုန်အဖွဲ့ကို လက်နက်နဲ့ တပ်ဖွဲ့တွေ ပံ့ပိုးပေးတယ် ဆိုတဲ့ ကွန်ဂို၊ ကုလသမဂ္ဂနဲ့ အနောက်အင်အားကြီးနိုင်ငံတွေက စွပ်စွဲချက်တွေကို ရဝမ်ဒါက ပယ်ချခဲ့ပါတယ်။

ရဝမ်ဒါကတော့ သူ့တပ်ဖွဲ့တွေဟာ ၁၉၉၄ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်သူ ဟူတူလူမျိုးစုတွေနဲ့ ပူးပေါင်းထားတဲ့ ကွန်ဂိုတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဒေသတွင်းမှာ ကိုယ်တိုင်ကာကွယ်ရေး လုပ်ဆောင်နေတာဖြစ်ကြောင်း ပြောထားပါတယ်။

ကွန်ဂိုနိုင်ငံမှာတော့ M23 သူပုန်တွေဟာ မဟာဗျူဟာကျတဲ့ တောင်ပိုင်း ကီဗူးရဲ့ ခရိုင်မြို့ကို လတ်တလော သိမ်းပိုက်နိုင်ခဲ့အပြီးမှာ ကွန်ဂိုအရှေ့ပိုင်းမြို့ဖြစ်တဲ့ ဘူကာဗူမြို့မှ ကျောင်းသားတွေကို ဖေဖော်ဝါရီလ ၂၄ ရက်မှာ ကျောင်းပြန်တက်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလကတည်းက ကွန်ဂိုအရှေ့ပိုင်းမှာ နယ်မြေ သိသိသာသာ တိုးချဲ့လာခဲ့တဲ့ ရဝမ်ဒါ ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က သူတို့မြို့ကို သိမ်းပိုက်ပြီးနောက် ခေတ္တဆိုင်းငံ့ထားခဲ့တဲ့ ပညာရေးလုပ်ငန်းတွေကို ပြန်စတင်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013