DVB Logo
Home
မြန်မာသတင်း
တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ အမတ ၃၅၄ လက်နက်တိုက် မီးလောင်ပေါက်ကွဲ
DVB
·
February 25, 2025
တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ အမတ ၃၅၄ လက်နက်တိုက် မီးလောင်ပေါက်ကွဲ
Donate to DVB

နောင်ချိုမြို့၊ တောင်ခမ်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အမတ ၃၅၄ ရဲ့ လက်နက်တိုက် မီးလောင်ပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ TNLA သတင်းအရင်းအမြစ်က ပြောပါတယ်။

ဆွေးနွေးပွဲမအောင်မြင်တဲ့ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တို့ဟာ တောင်ခမ်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒီနေ့ နေ့လယ်ပိုင်းက အမြောက်တပ် ၃၅၄ အတွင်း လက်နက်ခဲယမ်းတိုက် မီးလောင်ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ TNLA သတင်းအရင်းမြစ်က ဆိုပါတယ်။

“ဒီနေ့လယ် တိုက်ပွဲက မရပ်ဘူး။ ဒီနေ့လည်း ယမ်းတိုက်လား၊ လက်နက်တိုက်လားမသိဘူး၊ တောက်လျှောက် ပေါက်ကွဲနေတာ ကြားရတယ်။ လက်နက်ကြီး တည့်တည့်ကျလို့ ထင်တယ်။ ပြင်ဦးလွင်ကလည်း လက်နက်ကြီးပစ်ကူပေးတာတွေရှိတယ်။”

အမတ ၃၅၄ အတွင်း ပေါက်ကွဲမှုရုပ်သံတွေ လူမှုကွန်ရက်မှာ ပေါ်ထွက်နေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းအရင်းမြစ်ရဲ့ အတည်ပြုချက်သာရှိပြီး အခြားတော့ အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

တောင်ခမ်းတိုက်ပွဲ အခြေအနေတွေဟာ တနေ့ထက်တနေ့ ပိုမိုပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ပွဲဖြစ်ရာနေရာတွေကို နေ့စဉ်ဗုံးကြဲနေသလို အဆိပ်ငွေ့ဗုံးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် TNLA တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ TNLA  က သတင်းထုတ်ပြန်ထားပါတယ်။

အခုကတော့ ဒီဘက်ကပြန်ထိုးစစ်ဆင်နေတာလို့ TNLA သတင်းအရင်းမြစ်က ပြောပါတယ်။

အဆိုပါ ထိုးစစ်ဆင်တိုက်ပွဲအတွင်း နှစ်ဖက်လုံးထိခိုက်မှုတွေရှိပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် အခြေအနေအသေးစိတ်ကို ပြောမရသေးဘူးလို့ ဆိုပါတယ်။

TNLA နဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၇ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ဘာသဘောတူညီချက်မှမရခဲ့ပါဘူး။

နောင်ချိုမြို့၊ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ (၃၅၄)၊ အမတ (၂၀၆)၊ အမတ (၄၀၆) တို့ တည်ရှိပြီး အမြောက်တပ်ရင်း ၂ ခုကိုတော့ TNLA က ၂၀၂၄ ခု ဩဂုတ်လမှာ သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013