DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့် ဖယ်ခုံ PDF ထံ အလင်းဝင်
DVB
·
February 25, 2025
စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့် ဖယ်ခုံ PDF ထံ အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲတိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ ဖေဖော်ဝါရီ ၂၄ ရက်က အလင်းဝင်လာတယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

တပ်သား ၃ ယောက်က အပတ်စဥ် ၅ နဲ့ ၆ က သူတွေဖြစ်ကာ မိခင်တပ်ရင်းက ခမရ ၅၁၈ တပ်ရင်းကဖြစ်ပြီး ခမရ ၄၂၂ မှာ တာဝန်ကျတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

တပ်ရင်း တာဝန်ရှိသူက “နွေးနွေးထွေးထွေးပါပဲ။ သူတို့လည်း ပျော်ကြတယ်။ ထွက်ပြေးလာလာချင်း ရဲဘော်တွေကိုတွေ့တော့ သူတို့ အရမ်းပျော်ကြတယ်။ သူတို့ကတော့ အခွင့်အရေးရတာနဲ့ စကစကို ပြန်တိုက်မှာလို့ ပြောတယ်။ ကျန်းမာရေးလည်းကောင်းတယ်၊ မကောင်းရင်တောင် တပ်ရင်းက စောင့်ရှောက်မှာ” လို့ ပြောပါတယ်။

တပ်သား ၃ ယောက်က MA 1 ၁ လက်၊ MA3 ၂ လက်၊ ကျည်တောင့် ၁၂၀ တို့နဲ့အတူ ဖယ်ခုံ PDF တပ်ရင်းဆီ ပူးပေါင်းလာတဲ့အတွက် တယောက်ကို သိန်း ၃၀ ဆီ ဆုငွေချီးမြှင့်ထားတယ်လို့ ဆိုပါတယ်။

မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အဆိပ်ငွေ့သုံးတာတွေနဲ့ မီးလောင်ဗုံးတွေကို အသုံးပြုပြီး ပြည်သူ့နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်ကောင်စီတပ်က ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

စစ်မှုထမ်းဥပဒေ ထွက်လာချိန်ကစပြီး ဒီနေ့အချိန်အထိ ဖယ်ခုံ PDF ဆီမှာ အလင်းဝင်လာသူ ၃၆ ယောက်ထိ ရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013