DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနယ်စပ် ကျားဖြန့်ဂိုဏ်းကို ဝင်စီးနင်း၊ ထိုင်းအများစု အပါအဝင် ၂၀၀ ကျော် ဖမ်းဆီး ခံရ
DVB
·
February 25, 2025
ကမ္ဘောဒီးယားနယ်စပ် ကျားဖြန့်ဂိုဏ်းကို ဝင်စီးနင်း၊ ထိုင်းအများစု အပါအဝင် ၂၀၀ ကျော် ဖမ်းဆီး ခံရ
Donate to DVB

ထိုင်းနိုင်ငံနဲ့ နပ်စပ်မြို့တမြို့ဖြစ်တဲ့ ပွိုင်ပက်မြို့က ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားအများစု အပါအဝင် နိုင်ငံခြားသား ၂၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က ပြောလိုက်ပါတယ်။

ဒီစီးနင်းမှုဟာ အချိန် ၃ လကြာ စုံစမ်းစစ်ဆေးပြီးနောက်မှာ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ နိုင်ငံခြားသား အယောက် ၂၃၀ မှာ ထိုင်းနိုင်ငံသား ၁၂၃ ယောက် ပါဝင်တယ်လို့ ကမ္ဘောဒီးယား အမျိုးသားရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ဒီနိုင်ငံခြားသားတွေဟာ တရားမဝင် အွန်လိုင်းလုပ်ဆောင်မှုတွေကို တရုတ်နိုင်ငံသားတွေနဲ့ ဦးဆောင်လည်ပတ်ခဲ့ကြပါတယ်။”

ဒါ့အပြင် သူတို့ဟာ ဆန္ဒအလျောက် ဒီတရားမဝင် အလုပ်တွေကို လက်ခံခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယား ရဲတပ်ဖွဲ့အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ဖို့အတွက် ထိုင်းနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို တခြားနိုင်ငံခြားသားတွေကိုလည်း စစ်ဆေးမေးမြန်းနေပြီး သူတို့ကို တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ့် အကြောင်းလည်း ပြောထားပါတယ်။

အဆိုပါ စီးနင်းမှုတွေဟာ မကြာသေးမီနှစ်တွေအတွင်း အရှေ့တောင်အာရှမှာ တိုးပွား များပြားလာခဲ့တဲ့ တရားမဝင် ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့က ပူးပေါင်းနှိမ်နင်းနေချိန်အတွင်း ထွက်ပေါ်လာခဲ့တာလို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဟာ တနှစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ တန်တဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေအတွက် အလေးသာတဲ့နေရာတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ် ဆငဲမ်ဖုန်းဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံပြီး ကျားဖြန့် အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေ တိုက်ဖျက်ရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကနေ လတ်တလော လွတ်မြောက်လာတဲ့ လုပ်သားတွေ အများစုကတော့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို မသိမ်းဆည်းခင်၊ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေထဲ အတင်းအကျပ် ဖိအားပေး ခိုင်းစေမခံရခင်မှာ လစာများတဲ့ အလုပ်တွေ ရမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ လှည့်ဖြားခံခဲ့ရတယ်လို့ ထွက်ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013