DVB Logo
Home
မြန်မာသတင်း
ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
DVB
·
February 25, 2025
ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Senthang Revolution Force က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ဟားခါးအခြေစိုက်တဲ့ ခလရ ၂၆၆ တပ်ရင်းကတပ်ဖွဲ့ဝင် ၂ ဦးက လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ Senthang Revolution Force ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်လာတဲ့သူအားလုံးကို နွေးနွေးထွေးထွေးကြိုဆိုပြီး ကျန်နေသေးတဲ့သူတွေအနေနဲ့လည်း ကိုယ်နဲ့ကိုယ့်မိသားစုဘဝရှေ့ရေးကို ထောက်ရှုပြီး Senthang Revolution Force ရဲ့ ၀၉၂၅၂၀၄၁၈၁၅ ကို ဆက်သွယ်ကာ အမြန်ဆုံးအလင်းဝင်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

“ခလရ ၂၆၆ တပ်ရင်းက စစ်ကိုင်းတိုင်း၊ တမူးနဲ့ ချင်းပြည်နယ်တွေကို စစ်ကြောင်းထိုးနေတဲ့ တပ်ရင်းတခုဖြစ်တယ်။ ဟားခါးဘက်မှာ စစ်တပ်ဘက်က တပ်သားတွေနဲ့ပြည်သူ့စစ်တွေ အခုနှစ်ထဲမှာ အလင်းဝင်တာတွေစိပ်လာနေတယ်။ အခုအလင်းဝင်လာတဲ့သူ ၂ ယောက်လုံးက စစ်တပ်သားသစ်တွေမဟုတ်ကြဘူး။ စစ်သားဟောင်းတွေလို့ ​သိရတယ်” လို့ Chin National Army (CNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ MA1 သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် သတ်မှတ်ထားတဲ့ ဆုကြေးငွေနဲ့အတူ အခြားအဖိုးတန်ပစ္စည်းတွေကိုလည်း ချီးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း အဆိုပါ ခလရ ၂၆၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဟာ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာလို့ ငွေကျပ်သိန်း ၄၀ ချီးမြှင့်ပေးထားပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013