DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးဆက်တိုက်ပြန်ကျသော်လည်း စက်သုံးဆီဈေး အနည်းငယ်ပြန်တက်
DVB
·
February 24, 2025
ဒေါ်လာဈေးဆက်တိုက်ပြန်ကျသော်လည်း စက်သုံးဆီဈေး အနည်းငယ်ပြန်တက်
Donate to DVB

ပြည်တွင်းဒေါ်လာဈေးကွက်မှာ ဒေါ်လာဈေးကျနေသလို စင်ကာပူ MOPS ရေနံဈေး ဈေးကျနေပေမဲ့ ဒေါ်လာဈေးနဲ့ MOPS ဈေးကို အခြေခံတွက်ချက်သတ်မှတ်တဲ့ ပြည်တွင်း စက်သုံးဆီဈေး‌တွေ အနည်းငယ် ထပ်မံ မြင့်တက်လာပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်း ပြင်ပဒေါ်လာပေါက်ဈေးက ၄၄၈၀ ကျပ် ဝန်းကျင်ရှိနေချိန်မှာ ရန်ကုန်မြို့ရဲ့ စက်သုံးဆီပေါက်ဈေးတွေက 92 Ron တစ်လီတာကို ၃၂၁၅ ကျပ်၊ 95 Ron တလီတာကို ၃၂၇၀ ကျပ်၊  ဒီဇယ် တလီတာကို ၂၇၆၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၃၄၂၅ ကျပ်ပေါက်ဈေး ရှိနေပါတယ်။ စက်သုံးဆီဈေး တလီတာကို ၃၅ ကျပ်က နေ ၆၀ ကျပ်အကြား ဈေးထပ်မံ မြင့်တက်လာတာပါ။

ပြည်တွင်းစက်သုံးဆီဈေးတွေက စင်ကာပူ MOPS ဈေးနဲ့ ပြင်ပ‌ ဒေါ်လာပေါက်ဈေး အပေါ်မူတည်ပြီး ဈေးအတက်အကျ ဖြစ်လေ့ရှိပေမဲ့  လက်ရှိမှာက ပြင်ပဒေါ်လာဈေးရော စင်ကာပူ MOPS‌ ဈေးပါ ကျနေပြီး ပြည်တွင်း စက်သုံးဆီဈေးတွေက မြင့်တက်လာတာပါ။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းက ဖေဖော်ဝါရီ ၁၈ရက်မှာ 92 Ron တစည် ၈၆ ဒသမ ၆၀ ဒေါ်လာ၊ 95 Ron ၈၇ ဒသမ ၉၉ ဒေါ်လာ၊ 10 PPM က ၉၂ဒသမ ၁၆ ဒေါ်လာ အသီးသီးရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ရက်မှာတော့ 92 Ron တစည် ၈၅ ဒသမ ၅၂ဒေါ်လာ၊ 95 Ron က၈၆ ဒသမ ၉၁ ဒေါ်လာကို ပြန်ကျဆင်းလာပြီး 10 PPM ကတော့ ၉၃ ဒသမ ၂၂ ဒေါ်လာ ထိပြန်မြင့်တက်လာတာ တွေ့ရပါတယ်။

ပြည်တွင်း ဒေါ်လာ ငွေလဲနှုန်းကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယပတ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တဒေါ်လာကို ၄,၇၀၀- ၄,၈၀၀ ကျပ်အထိ ရောက်ခဲ့ပြီး ဒီနေ့မှာ ၄,၄၀၀-၄,၄၈၀ ကျပ်ထိ ပြန်ကျဆင်းနေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ စက်သုံးဆီအပါအဝင် အရေးကြီး သွင်းကုန်တွေ တင်သွင်းဖို့ ဒေါ်လာ သန်းပေါင်းများ မကြာခဏ ထုတ်ရောင်း‌နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ သန်း၂၀ ထုတ်ရောင်း‌ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013