DVB Logo
Home
မြန်မာသတင်း
ပန်းဆိုးတန်းတွင် လက်ဖက်ရည်ဆိုင်ကို ကားဝင်တိုက်သဖြင့် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
February 23, 2025
ပန်းဆိုးတန်းတွင် လက်ဖက်ရည်ဆိုင်ကို ကားဝင်တိုက်သဖြင့် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ည‌ ၉ နာရီခွဲလောက်က လမ်းဘေးဆိုင်တခုကို ကားတစီးက ဝင်တိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အထက်ပန်းဆိုးတန်းတံတားကနေ ဆင်းလာတဲ့ အဖြူရောင်  Mazda Bongo အမျိုးအစား လုပ်ငန်းသုံးကားဟာ ကားလမ်းဘေးဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်ထဲကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “တံတားက ဆင်းလာတဲ့ ဘက်မှာဖြစ်တာ။ မြင်တာတော့ ကားက ဆိုင်ကို ဝင်တိုက်မိထားတာ။ ခုံတွေကျိုး၊ လူနာ ၃ ဦးထွက်ပါတယ်။ ၁ ဦးက ဆေးကုသနေရင်း အရောင်ပြောင်း (သေဆုံး) သွားပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ရှိ အသက် ၆၅ နှစ်အရွယ် အလုပ်သမား အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားပြီး အသက် ၅၈ နှစ်အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့မှာ ဦးခေါင်းကွဲ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ကူညီကယ်ဆယ်ရေးကို ကတတပရဟိတအသင်းနဲ့ လင်းလက်အသင်းနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေက ရောက်ရှိကယ်ဆယ်ခဲ့ကြပြီး လူနာ ၃ ဦးကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးထားကြပါတယ်။

လူနာတွေထဲက ပြင်းထန်ဒဏ်ရာရရှိသူ အသက် ၆၅ အရွယ် အမျိုးသမီးမှာ ဆေးရုံမှာပဲ သေဆုံးသွားတာကြောင့် ရုပ်အလောင်းအမှတ် PR 027 နဲ့ ‌ရင်ခွဲဌာနကို ပို့ဆောင်ပေးထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013