DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုကတပ်များကို ရုပ်သိမ်းရန် ရဝမ်ဒါကို ကုလလုံခြုံရေးကောင်စီ တိုက်တွန်း
DVB
·
February 23, 2025
ကွန်ဂိုကတပ်များကို ရုပ်သိမ်းရန် ရဝမ်ဒါကို ကုလလုံခြုံရေးကောင်စီ တိုက်တွန်း
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းက M23 သူပုန်အဖွဲ့ကို ထောက်ပံ့နေတာရပ်ဖို့နဲ့ ကွန်ဂိုနယ်မြေကနေ ရဝမ်ဒါ တပ်ဖွဲ့ဝင်အားလုံးကို ကြိုတင်သတ်မှတ်ချက်မရှိဘဲ ချက်ချင်းရုပ်သိမ်းဖို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ UNSC က ရဝမ်ဒါစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

အဖွဲ့ဝင် ၁၅ ယောက် ပါဝင်တဲ့ UNSC က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတို့ကို ရေရှည်တည်တံ့ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်တခုရဖို့ သံတမန်ရေးရာဆွေးနွေးပွဲကို ပြန်စဖို့ တိုက်တွန်းတဲ့ ပြင်သစ်နိုင်ငံက ရေးဆွဲထားတဲ့ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၂၁ ရက်မှာ တညီတညွတ်တည်း အတည်ပြုခဲ့တာပါ။ 

M23 သူပုန်အဖွဲ့ဟာ ကွန်ဂိုအရှေ့ပိုင်းက အကြီးဆုံးမြို့နှစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ပိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာမှာကို စိုးရွံ့နေကြပါတယ်။ 

ရဝမ်ဒါနိုင်ငံက M23 သူပုန်အဖွဲ့ကို လက်နက်နဲ့တပ်ဖွဲ့တွေ ပံ့ပိုးပေးထားတယ်ဆိုတဲ့ ကွန်ဂိုနဲ့ UN တို့ရဲ့ စွပ်စွဲချက်တွေကို ရဝမ်ဒါက ငြင်းဆိုထားပါတယ်။

ကွန်ဂိုစစ်တပ်နဲ့အတူ တိုက်ခိုက်နေတယ်လို့စွပ်စွဲထားတဲ့ ဟူတူပြည်သူ့စစ်တွေကို ရဝမ်ဒါက ခုခံ ကာကွယ်နေရတယ်လို့လည်း ရဝမ်ဒါက ပြောပါတယ်။ 

“ရဝမ်ဒါ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ M23 တပ်တွေဟာ မြောက်ကီဗူးနဲ့ တောင်ကီဗူး ဒေသတွေမှာ ဆက်ပြီး ထိုးစစ်ဆင်နေတာကို အပြင်းအထန်ရှုတ်ချပြီး ရန်လိုတာတွေ ချက်ချင်းရပ်တန့် ဆုတ်ခွာဖို့ကိုလည်း UNSC က တောင်းဆိုထားပါတယ်။ 

စမတ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာသုံးတဲ့ ရွှေနဲ့ ကိုလ်တန်လို သတ္ထုတွေကိုလုယူဖို့ ရဝမ်ဒါဟာ M23 သူပုန်တွေကို ကြားခံအဖြစ် အသုံးချခဲ့တယ်လို့ ကွန်ဂိုက ပြောဆိုစွပ်စွဲပါတယ်။

ရဝမ်ဒါဝန်ကြီးတယောက်နဲ့ M23 အကြီးတန်း သူပုန်တယောက်ကို အမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ကွန်ဂိုတပ်ဖွဲ့တွေရဲ့ အထူးသဖြင့် ရဝမ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး FDLR လို တပ်တွေကိုပေးတဲ့ အထောက်အပံ့ကိုလည်း ရှုတ်ချခဲ့ပါတယ်။

အထောက်အပံ့တွေကို ရပ်ဆိုင်းဖို့နဲ့ အဖွဲ့ဖျက်သိမ်းမယ့် ကတိကဝတ်တွေကို အရေးတကြီး အကောင်အထည်ဖော်ဖို့လည်း ဆော်ဩခဲ့ပါတယ်။

ရဝမ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်အင်အားစု FDLR နဲ့ ကွန်ဂိုတို့က ရဝမ်ဒါကို တိုက်ခိုက်နေတယ်လို့ ရဝမ်ဒါက စွပ်စွဲထားပါတယ်။ 

ကွန်ဂိုစစ်တပ်က FDLR နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်သားတွေကို ဖမ်းမယ်လို့ ကတိပြုထားပေမယ့် အစိုးရက FDLR တိုက်ခိုက်ရေးသမားတွေကို ကြားခံအဖြစ် ဆက်သုံးနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013