DVB Logo
Home
မြန်မာသတင်း
ဆရာ ဆရာမ အယောက် ၁၅၀၀ တအာင်းပြည်ပညာရေးကောင်စီခေါ်ယူ
DVB
·
February 22, 2025
ဆရာ ဆရာမ အယောက် ၁၅၀၀ တအာင်းပြည်ပညာရေးကောင်စီခေါ်ယူ
1 / 3
Donate to DVB

တအာင်းပြည်ထဲမှာ လာမဲ့ပညာသင်နှစ်အတွက် ဆရာ ဆရာမ အယောက် ၁၅၀၀ ခေါ်ယူသွားမယ်လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF က ထုတ်ပြန်ပါတယ်။

တအာင်းပြည်ပညာရေးကောင်စီ (TLEC)က တအာင်းပြည်ထဲက အခြေခံပညာစာသင်ကျောင်းတွေ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ လာမည့် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမအများကြီးလိုအပ်နေတာကြောင့် မြန်မာနိုင်ငံတဝန်းက စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနကနေ CDM ပြုလုပ်ထားတဲ့ ဆရာ ဆရာမ အယောက် ၅၀၀ TLEC မှာ တာဝန်မထမ်းဆောင်ရသေးတဲ့ ဆရာ ဆရာမအသစ် (Preservice teacher) အယောက် ၁,၀၀၀ ခေါ်ယူခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

CDM ဆရာ ဆရာမတွေဟာ CDM မှန်ကန်ကြောင်း ဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်ရှိရမှာဖြစ်ပြီး ပညာရေးဆိုင်ရာဘွဲ့၊ သင်တန်းဆင်းလက်မှတ်တခုခုရှိရမှာဖြစ်သလို အနည်းဆုံးပညာသင်နှစ် ၁ နှစ်အပြည့် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

ဆရာ ဆရာမအသစ်တွေကတော့ အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဒါမှမဟုတ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment-BECA) အောင်မြင်ထားရမှာဖြစ်ပြီး TLEC က ဖွင့်လှစ်မဲ့ စွမ်းရည်မြှင့်သင်တန်း ၃ လ တက်ရောက်ရမှာဖြစ်ပါတယ်။

ပညာသင်နှစ် ၂ နှစ်အပြည့် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ဆရာ ဆရာမတွေအားလုံးဟာ တာဝန်အလိုက် လစဉ် အကျိုးခံစားခွင့်တွေနဲ့ ဝန်ဆောင်မှုတွေရမယ်လို့လည်း ထုတ်ပြန်ဖော်ပြထား ပါတယ်။

၂၀၂၄-၂၅ ပညာသင်နှစ်တုန်းက တအာင်းပြည်ထဲမှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းသူ ကျောင်းသား ၆၆,၀၀၀ ကျော်ကို ဆရာ ဆရာမ ၃,၅၀၀ ကျော်နဲ့ သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၅-၂၆ ပညာသင်နှစ်မှာတော့ ကျန်ရှိနေတဲ့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၇၀၀ ကျော်ကို ဆက်လက်ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ TLEC ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ အီးမေးလ်၊ Viber, Signal နဲ့ Telegram တို့ကတဆင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Photo - TNLA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013