DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်လက်ထက် အမေရိကန်၏ စစ်ရေး ရန်စမှု ပိုများလာဟု မြောက်ကိုရီးယားပြော
DVB
·
February 22, 2025
ထရမ့်ပ်လက်ထက် အမေရိကန်၏ စစ်ရေး ရန်စမှု ပိုများလာဟု မြောက်ကိုရီးယားပြော
Donate to DVB

အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ စစ်ရေး ရန်စမှုတွေဟာ လက်ရှိ ထရမ့်ပ် အစိုးရလက်ထက်မှာ ပိုမိုပြင်းထန်လာနေကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက် မှာ ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီက ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ တောင်ကိုရီယားမှာ အမေရိကန်စစ်တပ် ထားရှိမှုကို ရည်ညွှန်းပြီး ဝါရှင်တန်နဲ့ သူ့လက်အောက်ခံတပ်တွေဟာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ (DPRK) ရဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတယ်လို့ အမည်မဖော် လိုသူ ဝန်ကြီးဌာနမှ ပြန်ကြားရေးရုံးအကြီးအကဲက ပြောကြားကြောင်း KCNA မှ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တခြားရန်ဘက်နိုင်ငံများမှ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတွေကို မဟာဗျူဟာနည်းလမ်းတွေနဲ့ တန်ပြန်ချေပမှာဖြစ်ကြောင်းလည်း အဲဒီအရာရှိ က ပြောကြားခဲ့ပြီး ဖြောင်းယန်း (ပြုံယမ်း)ဟာ သူ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ ရာမှာ အနည်းဆုံး B-1B ဗျူဟာမြောက် ဗုံးကြဲလေယာဉ် တစင်းနဲ့ပါဝင် လေ့ကျင့်ခဲ့ ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။ 

မြောက်ကိုရီးယားက အဲဒီစစ်ရေးလေ့ကျင့်မှုကို စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုအဖြစ် ကာလ ရှည်ကြာ ရှုတ်ချခဲ့ပြီး ဆိုးလ်ကလည်း အဲဒီလေ့ကျင့်မှုဟာ ကာကွယ်ရေး သက်သက်အဖြစ် ပုံဖော် ထားပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013