DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် LGBTQ အဖြစ်ခံယူသူ စံချိန်တင်မြင့်တက်၊ Gen Z အများစုပါဝင်
DVB
·
February 22, 2025
အမေရိကန်တွင် LGBTQ အဖြစ်ခံယူသူ စံချိန်တင်မြင့်တက်၊ Gen Z အများစုပါဝင်
Donate to DVB

အမေရိကန်နိုင်ငံမှာ LGBTQ အဖြစ် ခံယူထားတဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ အရေအတွက်ဟာ ၇ ဒသမ ၆ ရာခိုင်နှုန်းကနေ ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာတယ်လို့ Gallup (ဂဲလ်လပ်) ကမ္ဘာ့သုတေသနအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာအရ သိရပါတယ်။

အမေရိကန်အခြေစိုက်အဖွဲ့ရဲ့ ၁၂ နှစ်တာ လေ့လာချက်အရ LGBTQ အရေအတွက်ဟာ ၃ ဆနီးပါး တိုးလာခဲ့တာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Gallup ရဲ့ အကြီးတန်းအယ်ဒီတာဖြစ်သူ ဂျက်ဖ်ဂျုန်းစ် ကတော့ “၁၀ ရာခိုင်နှုန်းနီးပါးအထိ  ဒီလောက် မြန်မြန်ကြီး ရောက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး” ဆိုပြီး ဖုန်းနဲ့အင်တာဗျူးမှာ မှတ်ချက်ပေးပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း LGBTQ အရေအတွက်ကို မြင့်တက်လာစေတဲ့ အချက်ဟာ အသက် ၁၉ ကနေ ၂၈ နှစ်ရှိတဲ့ Gen Z မျိုးဆက်တွေ အရွယ်ရောက်လာတာကြောင့် ဖြစ်တယ်လို့ ဂျက်ဖ်ဂျုန်းစ်က ဖြည့်စွက်ပြောပါတယ်။

ဒါဟာ အမေရိကန်ပြည်နယ် ၅၀ စလုံးမှာရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၄,၀၀၀ ကို ကျပန်း မေးမြန်းခဲ့တာဖြစ်ပြီး အယောက် ၉၀၀ က သူတို့ကိုယ်သူတို့ LGBTQ အဖြစ် သတ်မှတ်ကြောင်း ဝန်ခံ ပြောဆိုခဲ့တာပါ။

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်မှာ LGBTQ အဖြစ် သတ်မှတ်သူ ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုလိုမျိုး ၉ ရာခိုင်နှုန်းကျော်ကို ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်တမ်းမှာပါဝင်ခဲ့တဲ့ LGBTQ အရေအတွက်နဲ့ ပတ်သက်ပြီး မှားယွင်းနိုင်တဲ့ နှုန်းထားဟာ အပေါင်း ဒါမှမဟုတ် အနုတ် ၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် အမေရိကန်မှာရှိနေတဲ့ အရွယ်ရောက်ပြီးသား LGBTQ တွေရဲ့  ထက်ဝက်ကျော် ၅၆ ဒသမ ၃ ရာခိုင်နှုန်းက မိမိကိုယ်ကို လိင်နှစ်မျိုးစလုံး စိတ်ဝင်စားသူ Bisexual အဖြစ် သတ်မှတ်ကြပေမဲ့လည်း အသက်ကြီးလာလေ ရာခိုင်နှုန်းကျလာလေလေ ဖြစ်ပါတယ်။

Gallup ရဲ့ အစီရင်ခံချက်အရ အမေရိကန်မှာ လိင်ပြောင်းထားသူ အရေအတွက်ဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိတဲ့အလျောက် အလွန်နည်းပါးတယ်လို့ အတည်ပြုပါတယ်။

ဒါ့အပြင် LGBTQ အဖြစ် ခံယူထားသူတွေက နိုင်ငံရေးအမြင်ပေါ်မူတည်ပြီး ကွဲပြားမှုရှိနေ​သလို အဲဒီထဲမှာ ဒီမိုကရက် ထောက်ခံသူ ၁၄ ရာခိုင်နှုန်း၊ လွတ်လပ်သော  ကြား​နေသူ ၁၁ ရာခိုင်နှုန်းနဲ့ ရီပတ်ဘလီကန် ထောက်ခံသူ   ၃ ရာခိုင်နှုန်းသာ ပါဝင်နေတာကို တွေ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013