DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာကိုဖျက်ဆီးရန် ကြိုးစားပါက အခွန် ၁၅၀  ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် သတိပေး
DVB
·
February 21, 2025
ဒေါ်လာကိုဖျက်ဆီးရန် ကြိုးစားပါက အခွန် ၁၅၀  ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် သတိပေး
Donate to DVB

ဒေါ်လာကို ဖျက်ဆီးဖို့ ကြိုးစားရင် BRICS နိုင်ငံတွေကို အခွန် ၁၅၀ ရာခိုင်နှုန်း ကောက်မယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က‌ ဖေဖော်ဝါရီ ၂၀ ရက်မှာ သတိပေးခဲ့ပါတယ်။

ထရမ့်ပ်ဟာ ရီပတ်ဘလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးပွဲမှာ BRICS နိုင်ငံတွေ အကြောင်းနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာပါ။

သွင်းကုန်ခွန် တိုးမြှင့်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအပြီးမှာ BRICS အဖွဲ့ရဲ့ ထုတ်ပြန်ချက် တစုံတရာ ကြားရခြင်း မရှိသေးဘူးလို့လည်း ထရမ့်ပ်က ဆိုပါတယ်။

“BRICS ဆိုတာ နိုင်ငံပေါင်း ၆ နိုင်ငံလောက်နဲ့ ဖွဲ့ထားတာပါ။ သူတို့က ကျနော်တို့ရဲ့ ဒေါ်လာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ သူတို့ ငွေကြေးအသစ်ဖန်တီးဖို့ ဆန္ဒရှိနေကြတယ်။ သူတို့က တရုတ်ငွေ ယွမ်ကို အစားထိုး အသုံးပြုချင်နေကြပါတယ်။ ဘိုင်ဒင်က အဲဒီအခြေအနေက ခက်ခဲတယ်လို့ ပြောခဲ့ပြီး လုပ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောခဲ့ဖူးတယ်။ ကျနော်ကတော့ ဒီကိစ္စကို ကျနော် ကူညီနိုင်တယ်။ ပထဆုံးပြောချင်တာက ဒေါ်လာကို ဖျက်ဆီးဖို့ ကြိုးစားရင် အခွန် ၁၅၀ ရာခိုင်နှုန်း ကောက်မယ်။ ပြီးတော့ တရုတ်အပါအဝင် အဲဒီနိုင်ငံတွေနဲ့ အလုပ်လုပ်ဖို့ မရှိဘူး” လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ ရုရှားနိုင်ငံက ဦးဆောင်ပြီး တရုတ်၊ အိန္ဒိယ၊ ဘရာဇီး နိုင်ငံတို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး စတဲ့ ရည်ရွယ်ချက် ၂ ခုကို လုပ်ဆောင်မယ်ဆိုတဲ့ BRICS အဖွဲ့ထဲကို တောင်အာဖရိက၊ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှားတို့လည်း ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။

၂၀၂၄ အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ BRICS အစည်းအဝေးပွဲမှာ ဒေါ်လာနေရာမှာ အစားထိုးမယ့် အများသုံးငွေကြေးတခု ဖန်တီးဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013