DVB Logo
Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်ကို အာဂျင်တီးနားသမ္မတက လွှဖြတ်စက် လက်ဆောင်ပေး
DVB
·
February 21, 2025
အီလွန်မတ်စ်ခ်ကို အာဂျင်တီးနားသမ္မတက လွှဖြတ်စက် လက်ဆောင်ပေး
Donate to DVB

Tesla စီအီးအို အီလွန်မတ်စ်ခ်ကို အစိုးရယန္တရား ရှုပ်ထွေးမှုတွေ ဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ လွှဖြတ်စက်တလုံး အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေးက လက်ဆောင်ပေးခဲ့ပါတယ်။

အဲဒီလွှစက်ပေါ်မှာ “လွတ်လပ်မှု ရှည်ကြာပါစေ၊ စိုးရိမ်စရာမရှိ” ဆိုတဲ့ လွတ်လပ်ရေးအတွက် အသုံးပြုတဲ့စကားကို စပိန်ဘာသာနဲ့ ရေးထိုးထားပါတယ်။

မီလေးဟာ ဝါရှင်တန်မြို့မှာ ကျင်းပနေတဲ့ ကွန်ဆာဗေးတစ်နိုင်ငံရေးဆွေးနွေးပွဲ CPAC အစည်းအဝေးပွဲမှာ အီလွန်မတ်စ်ခ်ကို လက်ဆောင်ပေးခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီလွန်မတ်စ်ခ်ကို ဌာနသစ်ဖြစ်တဲ့ အစိုးရထိရောက်မှုဌာနကို ဦးဆောင်ခိုင်းပြီး ပြည်နယ်အေဂျင်စီ အသုံးစရိတ်များ၊ အလုပ်အကိုင်များနဲ့ အစိုးရပရိုဂရမ်တွေကို ဖျက်သိမ်း၊ လျှော့ချဖို့ ရည်ရွယ်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ အာဂျင်တီးနားနိုင်ငံမှာ သမ္မတမီလေး လုပ်ဆောင်ခဲ့ပုံနဲ့ ဆင်တူပါတယ်။

၂၀၂၃ စက်တင်ဘာ ၁၂ ရက်က မဲဆွယ်ပွဲမှာ မီလေးဟာ လွှစက်ကိုင်မြောက်ပြီး လူအုပ်ကြားထဲမှာ မဲဆွယ်ခဲ့ဖူးပါတယ်။

မီလေးဟာ ကြာသပတေးနေ့ကနေ စနေနေ့အထိ အမေရိကန်မှာ ရှိမှာဖြစ်ပြီး CPAC မှာ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဖို့လည်း မျှော်လင့်ထားပါတယ်။

မကြာသေးခင်က ကြေညာထားတဲ့ အမေရိကန် သံတင်ပို့မှုနဲ့ ပတ်သက်တဲ့ အခွန်တိုးမြှင့်မှု အကြောင်းနဲ့ ပတ်သက်ပြီးလည်း မီလေးက ဆွေးနွေးဖွယ်ရှိပါတယ်။

အာဂျင်တီးနားသမ္မတ မီလေးဟာ အမေရိကန်ကို အလည်အပတ် ရောက်ရှိနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်က အီလွန်မတ်စ်ခ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန်ခရီးစဉ်အတွင်း မီလေးဟာ အမေရိကန်ရဲ့ ပြည်ပသွင်းကုန်ခွန် တိုးမြှင့်မှုအကြောင်း ပြောကြားဖို့နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013